မင်္ဂလာပါ။
ဒီတပတ်ရဲ့ သတင်းမှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ကြည့်ရှုရမယ့် သတင်းတွေကတော့
-နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ samsung နဲ့ Ocean super center ရဲ့ နာမည်တွေကို အသုံးချပြီး ဖေ့စ်ဘုတ်ပေ့ချ်အတုတွေနဲ့ လိမ်လည်နေတယ်ဆိုတဲ့ သတင်းနဲ့အတူ
-ABSDF က ထုတ်ပယ်ခံထားရတဲ့ ရဲဘော်နှစ်ဦး အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းမှား
-ပုံဟောင်းတွေကို သုံးပြီး အမေရိကန်က ဘဏ်၂ခုပြိုလဲမှုအတွက် နိုင်ငံသားတွေ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းမှား နဲ့
-သမြားနီပင်သောက်ရင် ကင်ဆာနှင့် AIDS ရောဂါတွေ ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့သတင်းအမှား စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူခန်းက တင်ဆက်ထားပါတယ်။