ဒီးမော့ဆိုအရှေ့ခြမ်းမှတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် ကမ်းလက်အဖွဲ့ သွားရောက် လှူဒါန်း

ဒီးမော့ဆိုအရှေ့ခြမ်းမှတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် ကမ်းလက်အဖွဲ့ သွားရောက် လှူဒါန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ မတ်လ ၁၅ ရက်နေ့က ထိုးစစ်ဆင်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ငါးရက်ရှိပြီဖြစ်ပြီး စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက် အခက်အခဲ ရှိနေသည်ဟု စစ်ရှောင်များအားကူညီပေးနေသည့် ကမ်းလက်အဖွဲ့ကပြောသည်။

“ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတာ လူဦးရေထောင်ချီရှိပါတယ်။ အဓိက လိုအပ်တာက ဆန်၊ ဆီ၊ ဆား၊ မိုးကာနဲ့ အဝတ်အထည်တွေလိုအပ်တယ်။ တချို့က အိုး၊ ခွက်၊ ပန်းကန်က အစ ယူလာတာမရှိဘူး” ကမ်းလက်အဖွဲက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်၏ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးနေရသည့် ဒီးမော့ဆိုအရှေ့ခြမ်းမှ စစ်ရှောင်ပြည်သူ များအတွက် မတ်လ ၁၉ ရက်နေ့က လူဦးရေ ၄၀၀ အတွက် အရေးပေါ်စားသောက်ကုန်များအား ကမ်းလက်အဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့အဖွဲ့က အလှူရှင်တွေဆီကရတဲ့ဟာလေးနဲ့ အရေးပေါ်စားသောက်ဖို့ ကူညီပေးနေပါတယ်။

ဒီနေ့မှာတော့ လူဦးရေ ၄၀၀ အတွက် အရေးပေါ်စားသောက်ကုန်တွေနဲ့ ဖိနပ်မရှိတဲ့ ကလေးလူကြီးတွေ အတွက် ဖိနပ်တွေကို သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်”ဟု ကမ်းလက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီး မော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖယ်ခုံ၊ မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ် သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required