“ဖက်ဆစ် ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုင်စွဲချီတက်” ကျေးရွာပေါင်းစုံ သပိတ် ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
19 March 2023
“ဖက်ဆစ် ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုင်စွဲချီတက်” ကျေးရွာပေါင်းစုံ သပိတ် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်ကောင်စီကကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ယနေ့မတ်လ ၁၉ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ် ရွေးကောက်ပွဲကို တိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုင်စွဲချီတက်” “၂၀၀၈ ခြေဥ ပြန်အသက်သွင်းသူ ပြည်သူ့ရန်သူ” “ဖက်ဆစ်ရွေးကောက်ပွဲလက်ခံသူ ပြည် သူ့ရန်သူ” စသည့် စာသားများပါသောပိုစတာများကိုကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် သံများ ဟစ်ကြွေးခဲ့ပြီး ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ယနေ့သည် ကျေးရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြပွဲ ရက်ပေါင်း ၇၄၀ ရက်မြောက်အဖြစ် ချီတက် ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required