နိုင်ငံခြားတွင်ပညာသင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆွေးနွေးပွဲ

နိုင်ငံခြားတွင်ပညာသင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆွေးနွေးပွဲ

ရန်ကုန်၊ မတ် ၂၀ ။  ။ Myanamr Search International နိုင်ငံခြားပညာရေးဝန်ဆောင်မှုနှင့် စင်္ကာပူနိုင်ငံ PSB Academyတို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအတွက် စင်္ကာပူနိုင်ငံနှင့် နိုင်ငံတကာတွင် ရရှိနိုင်သော ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။ 

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု အနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားသို့ ပညာသွားရောက်သင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက် ဝန်ဆောင်မှုပေးနေပြီး ကျောင်းသွားတက်သည့်  အရေအတွက်မှာ နှစ်စဉ်နှင့်အမျှ များပြားလာခြင်းအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောသည်။

ယင်းအပြင် သက်သာသောကျောင်းလခများဖြင့် နိုင်ငံတကာဘွဲ့လက်မှတ်ရရှိမည့် အခွင့်အရေးများ နှင့် ထူးချွန်ကျောင်းသားများအတွက် ပညာသင်ဆု အခွင့်အလမ်းများကိုလည်း ရှင်းလင်းပြောပြခဲ့သည်။ 

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ တဆင့် နိုင်ငံတကာကျောင်းများတွင် တက်ရောက်ခွင့်ရရန် ဆက်သွယ်လျောက်ထားပေးသော ကျောင်းသားကျောင်းသူများထဲတွင် (၂၀၁၄-၂၀၁၅)အတွင်း ပညာသင်ဆုရရှိခဲ့သူ ကျောင်းသားဦးရေ (၁၀၀) ကျော်ရှိပြီဟုလည်း သိရသည်။ 

ယင်းဆွေးနွေးပွဲကဲ့သို့ အလားတူဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ဟိုတယ်မန္တလေးတွင် မတ်၂၀ရက်၌ ဆက်လက်ကျင်းပခဲ့သည်ဟု MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags