တကျော့ပြန်လာဖို့ အာရှအားကစားပြိုင်ပွဲကို မယ်ရီကွန် ပစ်မှတ်ထား

တကျော့ပြန်လာဖို့ အာရှအားကစားပြိုင်ပွဲကို မယ်ရီကွန် ပစ်မှတ်ထား
Photo: EPA

ဂန္တဝင်လက်ဝှေ့အကျော်အမော် မယ်ရီကွန်ဟာ အပျော်တမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသက်ကန့်သတ်ချက်ထက်ကျော်လွန်ပြီးနောက် ကမ္ဘာ့ချန်ပီယံ ၆ ကြိမ်ရ သူမဟာ ဒီနှစ်နိုဝင်ဘာလမှာ အနားမယူခင် နောက်ဆုံးအကြိမ်အဖြစ် နိုင်ငံကိုယ်စားပြုလိုတဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လန်ဒန်အိုလံပစ် ကြေးတံဆိပ်ဆုရှင် မယ်ရီကွန်ဟာ နိုဝင်ဘာလမှာ အသက် ၄၀ ပြည့်မှာဖြစ်ပြီး ၂၀၂၄ မှာ ပါရီအိုလံပစ်ပြိုင်ပွဲအပါအဝင် နိုင်ငံတကာချန်ပီယံရှစ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်တော့ပါဘူး။ သူမဟာ ၂၀၂၃၊ စက်တင်ဘာလကနေ အောက်တိုဘာလအတွင်း ဟန်ကျိုးမြို့ (ဟန်ချောင်) အာရှအားကစားပြိုင်ပွဲကို ပစ်မှတ်ထားလျက်ရှိပါတယ်။ ဒါ့ကြောင့် သူမဟာ ဧပြီလမှာ နိုင်ငံအတွက် တစ်ကျော့ပြန်လာဖို့ မျှော်လင့်နေပါတယ်။ သူမရဲ့ နောက်ဆုံး နိုင်ငံတကာပွဲက တိုကျိုအိုလံပစ်မှာ ဖြစ်ပါတယ်။

မယ်ရီကွန်ဟာ ပြီးခဲ့တဲ့ ဇွန်လက ဘာမင်ဂမ် CWG trials အတွင်း သူမရရှိခဲ့တဲ့ ကျောရိုးအရွတ် (ACL) ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပါတယ်။

“ကျမက အနားမယူရခင် အိန္ဒိယအတွက် ကစားပေးချင်ပါတယ်။ ကျမရဲ့ ACL ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်နေပြီး အာရှအားကစားပြိုင်ပွဲမှာ တစ်ကျော့ပြန်လာဖို့ ပစ်မှတ်ထားနေပါတယ်။ ကျမ ကြံ့ခိုင်မှုအဖြည့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”လို့ သူမက မတ်လ ၁၅ ရက်ကနေ ၂၆ ရက်အထိ ကျင်းပမယ့် IBA အမျိုးသမီးကမ္ဘာ့ချန်ပီယံရှစ်ရဲ့ Brand သံတမန်တွေထဲမှ တစ်ဦးအဖြစ် မိတ်ဆက်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောပါတယ်။

တခြား Brand သံတမန်မှာ မင်းသား Farhan Akhtar ဖြစ်ပါတယ်။ မယ်ရီကွန်ဟာ အာရှအားကစားပြိုင်ပွဲမှာ ပြန်လာဖို့ ပစ်မှတ်ထားနေပေမယ့်လည်း ဒါဟာ အကြောင်းပြချက်အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ဖွယ်မရှိပါဘူး။ အာရှအားကစားပြိုင်ပွဲဟာ ပါရီအိုလံပစ်အတွက် ဝင်ရောက်ခွင့်အဖြစ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မယ်ရီကွန်ဟာ အိန္ဒိယအသင်းအတွက် အရည်အချင်းပြည့်မီအောင်လုပ်နိုင်ပြီး ခွဲတမ်းနေရာကို ဆက်လက်ရယူနိုင်ခဲ့ရင်တောင် သူမဟာ အသက်အရွယ်အရ ဝင်ခွင့်ရမှာမဟုတ်တာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး.။ဆိုလိုသည်မှာ သူမရဲ့ ဖလိုင်းဝိတ်တန်းက အိန္ဒိယခွဲတမ်းကို ဆုံးရှုံးသွားပါလိမ့်မယ်။

ဒါ့အပြင် သူမဟာ နိုင်ငံလေ့ကျင့်ရေးစခန်းမှာ ပါဝင်ခြင်းမရှိတဲ့အပြင် ဒဏ်ရာကြောင့် လက်ဝှေ့ကြိုးဝိုင်းကနေ ၁၀ လနီးပါး ဝေးကွာခဲ့ပါတယ်။ ရွေးချယ်ပါက သူမဟာ ၅၁ ကီလိုတန်းအမှာ နေရာတစ်ခုအတွက် Nikhat Zareen နဲ့ Nitu Ghanghas တို့ကို ယှဉ်ပြီး မျှော်မှန်းချက်သစ် 'အကဲဖြတ်စမ်းသပ်မှု' လုပ်ဆောင်မှုကို ပထမဆုံးဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဇူလိုင်လမှာ India Open ဟာ မယ်ရီရဲ့ အနားမယူခင် နောက်ဆုံး ပရော်ဖက်ရှင်နယ်စွမ်းဆောင်မှု ဖြစ်နိုင်ပါတယ်။

(The Times of India)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly