ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် 

By မင်းထက် (မဇ္စျိမ)
14 March 2023
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် 

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီးသပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ကြသည်ဟု သိရသည်။

“လူသတ်ဓားပြ မင်းအောင်လှိုင် နောက်ဆုံးခရီးဟာ ကြိုးစင်ဘဲဟေ့” စာတန်းကိုင်ဆွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင် ရဲဘော်ကျောက်ခဲ က ပြောသည်။

“ဧရာဝတီတိုင်းဟာ ဘယ်တော့မှ သွေးမအေးဘူးဆိုတာကိုပြတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာတွေ နေ့တိုင်း လုပ်နေတာပါ။ ဒီပွဲဟာ ကျွန်တော်တို့နိုင်မယ့်ပွဲပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ပါဝင်ကြပါလို့ ပြောချင်ပါတယ်"ဟု ၎င်းက‌ ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ကြံခင်းမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်ကော်မတီ၏ အကြိမ်(၂၀) မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်သည်ဟု သိရသည်။

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required