နယူးယောက်တွင်ပြုလုပ်သည့် “ရောင်နီလာရာလမ်း” ရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်

By ဂျူနို (မဇ္စျိမ)
13 March 2023
နယူးယောက်တွင်ပြုလုပ်သည့် “ရောင်နီလာရာလမ်း” ရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ပြုလုပ်သည့် “ရောင်နီလာရာလမ်း” ရုပ်ရှင် ပြပွဲ သို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် ခဲ့သည်။ 

“မသောက်မိသောမိုးခါးရေ အပြီး အခုကြည့်ရတဲ့ ရောင်နီလာရာလမ်းဟာလည်း ကျွန်တော်အပါအဝင် ကြည့်တဲ့သူတွေအားလုံး ရင်ထဲထိတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက မှတ်ချက်ပြုသည်။

ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် အဆိုပါရုပ်ရှင်ကို နယူးယောက်မြို့ Zukar Theatre Kaufman Astoria Studio တွင် မတ်လ ၁၁ ရက်နေ့၊ ဒေသအချိန် မနက် ၁၁ နာရီ ခွဲမှ ည ၉ နာရီ ခွဲအထိ လေးပွဲ ဆက်တိုက်ပြသခဲ့ကြောင်း ဆိုသည်။

အဆိုပါ ရုပ်ရှင်ပြပွဲသို့ မြန်မာပြည်ဖွားတိုင်းရင်းသားများ ရုံပြည့် ရုံလျှံ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်းလည်း ပွဲစီစဉ်သူများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly