''လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ပြဿနာက အမျိုးသမီးလူ့အခွင့်အရေး အကြောင်း သိပ်မသိကြတာပဲ''(ရုပ်သံ )

By စန်းကျိန်(မဇ္ဈိမ) 
11 March 2023
''လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ပြဿနာက အမျိုးသမီးလူ့အခွင့်အရေး အကြောင်း သိပ်မသိကြတာပဲ''(ရုပ်သံ )

“မြန်မာအမျိုးသမီးတွေဟာ သိပ်ကိုသတ္တိရှိကြတယ်၊ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေ( Activists)၁၉၉၀ ဝန်းကျင်မှာ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ကြခဲ့တဲ့သူတွေပါ။

အခု မြန်မာအမျိုးသမီးတွေက CDM မှာပါဝင်ကြတယ်။

လက်နက်ကိုင်တော်လှန်ရေးထဲမှာလည်း ပါဝင်နေကြတယ်။

သူတို့လုပ်ဆောင်တာတွေက အများကြီးပဲ။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက ဗမာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ပြဿနာက အမျိုးသမီးလူ့အခွင့်အရေးအကြောင်း သိပ်မသိကြတာပဲ။” လို့ လူ့အခွင့်အရေးရှေ့နေနဲ့ ဗမာပြည်သားများရဲ့ မိတ်ဆွေ တရားလွှတ်တော်ချုပ်ရှေ့နေကြီး Madam Nandita Haksar က မဇ္ဈိမကို ပြောပါတယ်။ 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ Burmese Refugee Women Delhi ကဦးဆောင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား  မတ်လ ၁၀ ရက်နေ့မှာ ကျင်းပတဲ့အကြောင်းကို မဇ္ဈိမ သတင်းထောက် စန်းကျိန်က တင်ဆက်ပေးထားပါတယ်။ 

သတင်း၊ တင်ဆက် - စန်းကျိန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required