အရာတော်တွင် ကလေးငယ်များအားလေကြောင်းအန္တရာယ်ကာတွန်းသရုပ်ဖော်ပုံပြင်​ပြပွဲပြုလုပ်ပြီး  အသိပညာပေး 

By မောင်ခက်နွေ(မဇ္ဈိမ) 
09 March 2023
အရာတော်တွင် ကလေးငယ်များအားလေကြောင်းအန္တရာယ်ကာတွန်းသရုပ်ဖော်ပုံပြင်​ပြပွဲပြုလုပ်ပြီး  အသိပညာပေး 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီး ကလေးငယ်များအား လေကြောင်းအန္တရာယ်အသိပညာပေးအစီအစဉ်ကို မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသတင်းရရှ်ိသည်။ 

မုံရွာခရိုင်အတွင်း လေကြောင်းအန္တရာယ်နှင့်နီးစပ်သောကျေးရွာများရှိ ကလေးငယ်များအား "လေယာဥ်ပျံတွေလာရင်"ခေါင်းစဉ်ဖြင့် ကာတွန်းသရုပ်ဖော် ပုံပြင်​ပြပွဲလေကြောင်းအန္တရာယ်အသိပညာပေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

မုံရွာခရိုင်အတွင်းရှိ ကျေးရွာများအားစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခြင်းများ အခု ရက်ပိုင်းအတွင်း အကြိမ်ကြိမ်ပြုလုပ်နေသည်။

အရာတော်မြို့နယ်တွင် ပြီးခဲ့တဲ့တစ်ပတ်ကျော်က တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က    Mi-35၊ Mi-17 ရဟတ်ယာဉ်များ အသုံးပြုကာလေကြောင်းမှလာရောက်တိုက်ခိုက်ခြင်းများ ရှိခဲ့သည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

စစ်ကောင်စီ၏ လေကြောင်းအပါအဝင် တိုက်ခိုက်မှုမျိုးစုံကြောင့်  ကလေးငယ်များ သေဆုံးမှုနှုန်းမြင့်တက်‌နေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာပင် ကလေးငယ် ၁၆၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုသသံအမတ်ကြီးဦးကျော်မိုးထွန်းက ဖေဖော်ဝါရီလအတွင်းကပြုလုပ်ခဲ့သည့် ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးတွင် တင်ပြခဲ့သည်။ စစ်ကောင်စီကို အမြန်ဆုံးအရေးယူပေးရန်လည်း တောင်းဆိုခဲ့သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required