ရန်ကုန်မြို့ အများဆိုင်နေရာများတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် အစိုးရသစ် ဆုံးဖြတ်မည်

ရန်ကုန်မြို့ အများဆိုင်နေရာများတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် အစိုးရသစ် ဆုံးဖြတ်မည်
၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသည့် မြန်မာအတာတန်ခူးလ ရေကစားပွဲတော်အားတွေ့မြင်ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ အဖွဲ့

ရန်ကုန် ၊မတ် ၁၉ ။           ။  ၂၀၁၆ခုနှစ် အများဆိုင်နေရာများတွင် သြင်္ကန်မဏ္ဍပ် ဆောက်လုပ်ခွင့်နေရာအချို့ကို  အစိုးရသစ် ကဆုံးဖြတ်မည်ဟု  ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုး က ပြောသည်။

“မဏ္ဍပ်ဆောက်ခွင့်က လျှောက်နေကြပြီး ဒါပေမယ့် အများဆိုင်နေရာမှာ ဆောက်လုပ်ဖို့ကို တင်ထားတဲ့ မဏ္ဍပ်အကြီးတွေတော့ရှိတယ် ၊နောက်အစိုးရ က ဆုံးဖြတ်မယ် ”ဟု ၎င်းကပြောသည်။

ယခုနှစ်အတွက် ရန်ကုန်မြို့ပေါ်တွင်  အများဆိုင်နေရာများတွင် မဏ္ဍပ်ဆောက်လုပ်ရန်   ကမ္ဘာအေး ဘုရားလမ်းတွင်  မဏ္ဍပ်ကြီးဆောက်လုပ်ရန်  ၉နေရာ၊ ကမ်းပတ်လမ်းတွင် (၉)နေရာ၊ ပါရီမီလမ်းတွင် (၃)နေရာ၊ ဆရာစံလမ်းတွင်(၁)နေရာ စက်မှု ၁လမ်းတွင် (၁) နေရာတွင်ဆောက်လုပ်ခွင့်တင်ထား သည်ကို အစိုးသစ်က ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၎င်းကပြောသည်။

ပုဂ္ဂလိက ပိုင်ရေကစားမဏ္ဍပ်  ဆောက်လုပ်ခွင့်ကို လက်ရှိ ရန်ကုန်တိုင်းအစိုးရ ကခွင့်ပြုသွားမည် ဖြစ်သည်ဟု ၎င်းကပြောသည်။

ယင်းအပြင် ရေကစားချိန်ကို မနက်ပိုင်းအတွက်  ၈နာရီမှ ၁၂နာရီ သတ်မှတ်ထားပြီး ညနေပိုင်း ရေကစားချိန်ကို ၃နာရီမှ ညနေ၆နာရီ အထိသတ်မှတ်ထားကာ ယခင်နှစ်များထက် ရေကစားချိန်ကို   နှစ်နာရီ  လျှော့ထားကြောင်း၎င်း ကပြောသည်။

ယခုနှစ်တွင် မဏ္ဍပ် ၁၃၀ ခန့်ကို လျှောက်ထားမည်ဟု ခန့်မှန့်ထားပြီး လျှောက်ထားမှု မဏ္ဍပ်စာရင်းကို  ဧပြီ ၁၂ ရက်နေ့ တွင် အတိအကျ ထုတ်ပြန်သွားမည် ဖြစ်သည်ဟု ၎င်းကပြောသည်။

သြင်္ကန် ကာလအတွင်း ရေကစားသူများ လုံခြုံရေးအတွက်ကို  ရဲတပ်ဖွဲ့ ဝတ်စုံအပြည့်အစုံ နှင့် ထိန်းချုပ်သည့် စနစ်ထက်  ဝန်ဆောင်မှုပေးသည့်စနစ်ဖြင့် ယခုနှစ် သြင်္ကန်ကို  ဝန်ဆောင်မှုပေးမ ည်ဟု  ရန်ကုန်တိုင်း ဒုတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ဦးဝင်းဗိုလ် က ပြောသည်။

ယခုနှစ်သြင်္ကန်တွင်း ပြည်သူကို  ထိန်းချုပ်ကန့်သတ်ချက်မျိုးစနစ် ထက် service ပိုင်း၊ ပညာပေး ပိုင်အနေဖြင့် “ပညာပေး လုပ်ငန်းတွေ ရေကစားတဲ့သူအတွက် လိုက်နာရမယ် စည်းကမ်းချက်၊ရေပတ်တဲ့ သူတွေအတွက် စည်းကမ်းချက်၊ မဏ္ဍပ်ထိုင် တဲ့သူတွေရော့ပေါ့ သူစည်းကမ်းချက်တွေကို ဗွီနိုင်းတွေ ထောင်မယ် လုံခြံရေးတွေကို ကို လည်းအရပ် ဝတ်တွေနဲ့ ပတ်စောင့်ကြည့်မယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ၂၀၁၅ ခုနှစ်သြင်္ကန်တွင် ရေကစားမဏ္ဍပ်  ၁၃၀ ခန့်ကို ခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly