ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ၁၄ ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက်
08 March 2023
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ၁၄ ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မဇ္စျိမ။  ။ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ယနေ့ မတ်လ ၈ ရက်နေ့ ညနေပိုင်းအချိန်တွင် ၎င်းတို့၏ ၁၄ ကြိမ်မြောက်သပိတ်ကို ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စကြဝတေးမင်းကြီးသပိတ်ကောင်မတီအဖွဲ့ဝင်များက"တော်လှန်ကြ၊ ပုန်ကန်ကြ၊ငါတို့တွေ နိုင်ကိုနိုင်ရမည်" စာသားပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တနေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

"ဧရာဝတီပြည်သူတွေ သွေးမအေးဘူးဆိုတာကို ပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်တာပါ။ စစ်အာဏာရှင်တွေလုံးဝအုပ်ချုပ်လို့မရဘူးဆိုတာကို ပြသဖို့အတွက်လည်း နောက်ထပ်ဆန္ဒထုတ်ဖော်တာတွေအများကြီး ထပ်လုပ်သွားဖို့ရှိပါတယ်"ဟုဆိုသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်များနှင့် ရဲများက သပိတ်ကော်မတီဝင်များ ၏ သတင်းများအား ကြံခင်းမြို့ပေါ် တွင် လိုက်လံစုံစမ်းနေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required