စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒကြီးစိုးမှုကို တပြိုင်တည်းတိုက်ထုတ်ရန် တိုက်တွန်း

By မဇ္ဈိမ
08 March 2023
စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒကြီးစိုးမှုကို တပြိုင်တည်းတိုက်ထုတ်ရန် တိုက်တွန်း

အမျိုးသမီးအခွင့်အရေးနှင့် ကျား၊ မ တန်းတူအခွင့်အရေးရရှိရေးအတွက် စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒကြီးစိုးမှုစနစ်ကို တပြိုင်နက်တည်းတိုက်ထုတ်ရန် မြန်မာ့အမျိုးသမီးသမဂ္ဂက ယနေ့ မတ်လ ၈ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် တိုက်တွန်းလိုက်သည်။

အမျိုးသမီးများအနေဖြင့် သာတူညီမျှရရှိရေး၊ နိုင်ငံရေးစင်မြင့်များတွင် အခြားသောအမျိုးသားများနှင့် တန်းတူပါဝင်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒစနစ်ကျရှုံးရန် အဓိကအရေးကြီးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူးမဇူးဇူးက ပြောသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ လက်အောက်တွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်း ပြောဆိုလုပ်ဆောင်နိုင်သည့် အနေအထားမဟုတ်သည့်အတွက် စစ်အာဏာရှင်စနစ်ကို အပြီး တိုင် တိုက်ထုတ်နိုင်ရန်လိုကြောင်းလည်း တိုက်တွန်းသည်။

အာဏာသိမ်းကာလတွင် အမျိုးသမီးများအနေဖြင့် လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် မရ ရှိသည့်အခက်အခဲများ ရင်ဆိုင်နေရပြီး ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လူသားလုံခြုံမှုစသည့် အခန်းကဏ္ဍ များတွင်လည်း အခွင့်အရေးများပျောက်ဆုံးနေကြောင်း မဇူးဇူးကဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် အမျိုးသမီးများအနေဖြင့်လည်း စစ်ကြောရေးစခန်းတွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်းများ၊ သားမယားအဖြစ် ပြောဆိုခံရခြင်းများအပြင် အချို့မှာ လိင်ပိုင်းဆိုင် ရာအကြမ်းဖက်ခံရပြီး စစ်ဆေးခံရသည့်အဆင့်အထိ ပုံစံမျိုးစုံဖြင့် ကျူးလွန်ခံနေရကြောင်းလည်း မြန်မာ့ အမျိုးသမီးသမဂ္ဂက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required