ဒီးမော့ဆိုတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

By ဂျူချန်း (မဇ္ဈိမ)
08 March 2023
ဒီးမော့ဆိုတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တစ်နေရာတွင် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ဒီမောဆိုးမြို့နယ်တစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေး ရာဝန်ကြီးဌာနနှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဟောပြောပွဲတွင် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာမမူစဲမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံကိုရှင်းပြကာ အမျိုးသမီးများ၏အခန်းကဏ္ဍသည် နေရာတိုင်းတွင်အရေးပါကြောင်း ပြော ကြားခဲ့သည်။ 

“အမျိုးသားတွေမစွမ်းဆောင်နိုင်တဲ့အလုပ်တွေကို အမျိုးသမီးပေါင်းများစွာက အမျိုးသားတွေထက် ကျော် လွန်ပြီး လုပ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားအမျိုးသမီး မခွဲခြားဘဲ တန်းတူညီမျှ ထားပြီး အပြန်အလှန်လေးစားမှုများစွာနဲ့ တန်ဖိုးထားသွားမှာဖြစ်ပါတယ်” ဟု အမျိုးသမီးများနေ့နှင့် ပတ်သက်၍ ကျေးလက်မြေအဖွဲ့မှ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာခဲ့သည့် လူပေါင်း ၁၀၀ ကျော်အား ထမင်းနှင့် ဟင်းများ ဧည့်ခံ ကျွေးမွေးခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required