အမေရိကန်အခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတသည် ခရစ်ယာန်ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပါ

အမေရိကန်အခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတသည် ခရစ်ယာန်ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပါ

မဇ္ဈိမ။      ။အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတ ရာထူးကို ခရစ်ယာန်ဘာသာဝင်သာဖြစ်ခွင့်ရှိပြီး အိမ်ဖြူ တော်တွင်လည်း ခရစ်ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဆိုသည့် သတင်းပျံ့နေ သည်။ ယင်းသည် မှားယွင်းနေသည်။

“ကိုင်း ဒီမိုကရေစီဘိုးအေနိုင်ငံကြီးရဲ့ အခြေခံဥပဒေမှာ ဟောဒီလိုရေးတယ်ဗျ” ဟုဆိုကာ “အမေရိကန် သမ္မတ(ဒုတိယသမ္မတအပါ)သည် ခရစ်ယာန်ဘာသာဝင်သာလျှင်ဖြစ်ရမည်။ ထို့ပြင် သမ္မတ အိမ်ဖြူတော် ၌ ခရစ်ယာန်မဟုတ်သည့် မည်သည့်ဘာသာခြားကိုမှ တာဝန်ထမ်းဆောင်ခွင့် မပြုရ။ အမေရိကန်ပြည် ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”ဟု “Saw Gyi” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ ၄ ရက်နေ့က တင်ထားသည်။ အဆိုပါအကြောင်းအရာအား ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေသူ ၂၀၀ ကျော်ရှိ နေပြီ ဖြစ်သည်။ 

အဆိုပါအချက်အလက်အား မဇ္ဈိမစစ်ဆေးခဲ့ရာတွင် အမေရိကန်သမ္မတဖြစ်ရန် အခြေခံအားဖြင့် အချက် သုံးချက်ဖြစ်သည့်သမ္မတသည် အသက် ၃၅ နှစ်နှင့် အထက်ဖြစ်ရမည်၊ အမေရိကန်နိုင်ငံဖွား နိုင်ငံသားဖြစ် ရမည်၊ အမေရိကန်တွင် ၁၄ နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား ကြောင်း whitehouse.gov  ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သမ္မတဖြစ်ရန် ခရစ်ယာဘာသာဝင်ဖြစ် ရမည်ဟူသည့် ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်မျိုး မပါဝင်ပေ။
လင့် http://bit.ly/3IV3xLE

ထိုနည်းတူ အမေရိကန်သမ္မတဖြစ်ရန် အဆိုပါအချက်သုံးချက်သာလိုအပ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အမေရိကန်နိုင်ငံ ကွန်ကရက်လွတ်တော်၏ စာကြည့်တိုက် ဝက်ဘ်ဆိုက်ဖြစ်သည့် loc.gov ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြထားသည်။
လင့် http://bit.ly/3IUUv18

ထိုအကြောင်းနှင့်ပတ်သက်၍ မဲပေးခွင့်ရှိသည့် အမေရိကန်နိုင်ငံသားတစ်ဦးကလည်း “အဲဒီလိုသတ်မှတ် ချက်မျိုးမရှိပါဘူး။ အမေရိကန်မှာမွေးပြီး အသက် ၃၅ နှစ်အထက်ရှိရမယ်ပဲ သတ်မှတ်ထားတာပါ။ ကျန် တာ ပြည်သူတွေကြိုက်လို့မဲပေးရင် သမ္မတဖြစ်တာပဲ။ သူ့စည်းကမ်းနဲ့သူရှိတယ်ဆိုပေမယ့် အစွန်းရောက် တဲ့ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ အိမ်ဖြူတော်မှာလည်း ဘယ်သူဖြစ်ဖြစ် တာဝန်ထမ်းဆောင်လို့ရပါတယ်” ဟု မဇ္ဈိမသို့ပြောကြားသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်သာ အမေရိကန်သမ္မတနှင့် ဒုသမ္မတဖြစ်ရမည်၊ အိမ်ဖြူတော်တွင် ခရစ် ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်မှာ မှားယွင်းနေကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly