ကရင်နီစစ်ရှောင်ကလေးငယ်များအား ကျေးလက်မြေအဖွဲ့မှ အစားအစာ ကျွေးမွေးလှူဒါန်း

By ဂျူချန်း (မဇ္ဈိမ)
07 March 2023
ကရင်နီစစ်ရှောင်ကလေးငယ်များအား ကျေးလက်မြေအဖွဲ့မှ အစားအစာ ကျွေးမွေးလှူဒါန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခု၌ ယနေ့ မတ်လ ၇ ရက်နေ့တွင် ကလေးငယ်များအား အစားအစာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ထံမှ သိရသည်။

“စစ်ရှောင်ကလေးငယ်တွေ ခွန်အားတိုးစေဖို့ ကျေးလက်မြေအဖွဲ့မှ ထမင်း၊ ငါးဟင်း၊ ရိုးရာအထောင်း၊ ရိုးရာဟင်းရည်တို့နဲ့ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ကလေးလူကြီး  ၅၀ လောက်ကို ကျွေးမွေး လှူဒါန်းခဲ့ တာပါ” ဟု ကျေးလက်မြေအဖွဲ့၏ နာယက ဦးဇော်မင်းထိုက်က မဇ္ဈိမကိုပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အရပ်သားပြည်သူ ၂၀၀,၀၀၀ ကျော်ရှိရာ သောက်သုံးရေနှင့် စားဝတ်နေရေးအပါအဝင် ဘက်ပေါင်းစုံတွင် အခက်အခဲများရှိနေကြောင်း ဆိုသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required