ခင်ဦးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး

By MTO (မဇ္စျိမ)
06 March 2023
ခင်ဦးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး

။   ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ မတ်လ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားဖြစ်ပွားချင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြည်သူများကို လိုက်လံပစ်ခတ်သည့်အတွက် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရေဦးမြို့နယ် အောင်သာယာပျူရွာမှ အင်အား ၈၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းသည့် ခင်ဦးနယ် အတွင်းသို့ဝင်ရောက်လာသည့်အတွက် ငါးရုံကြီး၊ ရှားတောနှင့် မုံလှကျေးရွာများမှ ဒေသခံများ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်သည်ကို လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တောထဲတိမ်းရှောင်နေတဲ့ ဒေသခံတွေကို တိုက်ပွဲဖြစ်ပွားခြင်းလုံး၀မရှိဘဲ ပြည်သူတွေကို လိုက်ပစ်တာ မှာ မုံလှကျေးရွာက ကလေးငယ်တစ်ဦးသေဆုံးသွားတယ်လို့ ကနဦး သိရပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကြောင်းသည့် လက်ရှိအချိန်တွင် ခင်ဦးနယ် ကလုံကျေးရွာအနီးသို့ ရောက်ရှိနေပြီး အနီးအနား မှနေရာများကို ဦးတည်ရာမဲ့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ရမ်းသန်းပစ်ခတ်နေကြောင်း ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required