စစ်ကိုင်း-မုံရွာလမ်းမကြီးဘေး ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

By MTO မဇ္ဈိမ
05 March 2023
စစ်ကိုင်း-မုံရွာလမ်းမကြီးဘေး ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

စစ်ကိုင်း-မုံရွာ ကားလမ်းမကြီးတွင် မတ်လ ၃ ရက်နေ့က စစ်ကောင်စီယာဉ်တန်းများ လုံခြုံရေး အတွက် ကင်းပုန်း၀ပ်ရန် တောလမ်းမှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Shan Shan Tauk အဖွဲ့မှ ဗိုလ်အုးန်ဒိုင်းက ပြောသည်။

ပထမအကြိမ်တိုက်ခိုက်မှုအဖြစ် မုံရွာမြို့ပေါ်မှ တောင်ဘက်သို့ထွက်လာသည့် အင်အား ၃၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို မုံရွေးရွာ၏တောင်ဘက် တောတွင်းတစ်နေရာတွင် ပဒေသာမိုင်းခြောက်လုံး ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်အုန်းဒိုင်းက ပြောသည်။

“ အဲဒီစစ်ကြောင်းက အင်အား ၃၀ လောက်နဲ့ထိုးလာတာ၊ မိုင်းဆွဲတိုက်ခိုက်လိုက်ပြီးနောက် ၁၂ ယောက် ၁၃ ယောက်လောက်ပဲ ရှေ့ကိုဆက်တက်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားနေရာများသို့ လက်နက်ကြီးလက် နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် ချောင်းဦးမြို့နယ် ခင်မွန်မြို့နယ် ဘက်စုံခြံမှထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို မုံရွာမြို့နယ်နှင့်ချောင်ဦးနယ်အစပ် တောတွင်းတစ်နေရာတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက် ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်အုန်းဒိုင်းက ဆိုသည်။

တတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကားနှစ်စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးပျက်စီးသွားကြောင်း ဆိုသည်။

“အဲဒါကလည်း သုံးလုံးတွဲ ပဒေသာမိုင်းနှစ်လုံးနဲ့ဆွဲခဲ့တာ ကားတစ်စီးထိုးရပ်သွားတယ်၊ အသေအပျောက် တော့ မသိရဘူး။ ကားမှန်အကွဲစနဲ့ သွေးစအနည်းအငယ်တွေ့ရတယ် ကားပေါ်ကအခြေအနေကိုတော့ မသိရဘူး” ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုများကို ရှမ်းရှမ်းတောက်အထူးတပ်ဖွဲ့နှင့်အတူ ချောင်းဦးမြိုနယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ CLDF ၊ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း တပ်ခွဲ(၄)၊ ချောင်းဦးမြို့နယ် ပ.က.ဖ တို့မှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required