MOGE ကို အရေးယူပိတ်ဆို့ပေးရန် ကျေးရွာပေါင်းစုံသပိတ် တောင်းဆို

By ပါခွီး (မဇ္စျိမ)
05 March 2023
MOGE ကို အရေးယူပိတ်ဆို့ပေးရန် ကျေးရွာပေါင်းစုံသပိတ် တောင်းဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်ကောင်စီ ကို ဝင်ငွေဖြည့်တင်းပေး နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူရန် မတ်လ ၅ ရက် ယနေ့ တွင် ချီတက်တောင်းဆိုကြသည်။

“ MOGE က အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ဝင်ငွေရလမ်းကြီးပဲဖြစ်ပါတယ်။ အခု အကြမ်းဖက်စစ်အုပ်စုက ရနေတဲ့နိုင်ငံခြားဝင်ငွေအများစုက အဲဒီကနေလာတာ။ အကြမ်းဖက်အုပ်စုက အဲဒီငွေတွေကိုသုံးပြီး ပြည် သူတွေကို သတ်ဖြတ်နေဦးမှာဖြစ်တယ်။

မြန်မာနိုင်ရဲ့ ဒီမိုကရေစီအရေးကို အမှန်တကယ်ကူညီချင်တယ် ဆိုရင် ကမ္ဘာ့နိုင်ငံကြီးနဲ့ အဖွဲ့အစည်းကြီးတွေက MOGE အရေးယူပိတ်ဆို့ကြဖို့ တောင်းဆိုအပ်ပါတယ်” ဟု သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

လူထုသပိတ်စစ်ကြောင်းသည် “သွေးစွန်းငွေလားရာ MOGE ကို ချက်ချင်းအရေးယူ ပိတ်ဆို့ပေး” ဆိုသည့် စာတန်းကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ များ ဟစ်ကြွေးခဲ့ကြသည်။

ယနေ့သည် ကျေးရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြပွဲ ရက်ပေါင်း (၇၂၄) ရက်မြောက်အဖြစ် ချီတက် ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ(ပုံသတင်း)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required