ထားဝယ်တွင် ကျဆုံးသူရဲကောင်း ၄ ဦး အတွက် အောက်မေ့ဖွယ် ဆီမီးထွန်းညှိခြင်း ပြုလုပ် 

By ကိုရွှေမြိတ်
01 March 2023
ထားဝယ်တွင် ကျဆုံးသူရဲကောင်း ၄ ဦး အတွက် အောက်မေ့ဖွယ် ဆီမီးထွန်းညှိခြင်း ပြုလုပ် 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် နွေဦးတော်လှန်ရေးကာလအတွင်း ထားဝယ်ခရိုင် လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် အာဇာနည်သူရဲကောင်း လေးဦး ကျဆုံးခဲ့ရခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အောက်မေ့ဖွယ် ဆီမီးထွန်းညှိခြင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံမှ သိရသည်။ 

စစ်ကောင်စီက အာဏာသိမ်းပြီး နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင် လူထုသပိတ်မှ ကိုဗညား (အသက်-၃၉ နှစ်)၊ ကို‌ဖေသန်း (၃၈ နှစ်)၊ ဂျွန်မာခမ် (၃၆ နှစ်) နှင့် ကို‌လွင်လွင်ဦး (၃၄ နှစ်) တို့ ရဲဘော် လေးဦး  သပိတ်လှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ရသည်။ 

စာတည်း- သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly