အလာဘာက မက်ဆီမဲပေးရွေချယ်မှုဟာ အသင်း အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ရီးယဲလ်ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်

အလာဘာက မက်ဆီမဲပေးရွေချယ်မှုဟာ အသင်း အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ရီးယဲလ်ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်

ဒေးဗစ် အလာဘာဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ကာရင် ဘန်ဇီမာကို ကျော်ပြီး လီယွန်နယ် မက်ဆီကို မဲပေးရွေးချယ်ခဲ့တယ်လို့ ဖီဖာက သြစတြီးယားသားရဲ့ မဲပေးမှုကို ဖော်ပြခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်ပရိသတ်တွေက သူ့အပေါ် တိုက်ခိုက်ခဲ့တာကြောင့် သူ့ကိုယ်သူ အင်္ဂါနေ့က ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။

ဖီဖာအကောင်းဆုံးဆုတွေကို တနင်္လာနေ့က ကြေညာခဲ့ရာမှာ ဘန်ဇီမာရဲ့ ရီးယဲလ်အသင်းဖော် အလာဘာဟာ ဘာစီလိုနာကြယ်ပွင့်ဟောင်း မက်ဆီကို ပထမအဖြစ်ထားတဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့အသင်းပရိသတ်တွေရဲ့ လူမျိုးရေးအရ စော်ကားမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

"သြစတြီးယားအမျိုးသားအသင်းက ဒီဆုအတွက် ကျနော် တစ်ယောက်တည်းမဟုတ်ဘဲ အသင်းတစ်သင်းအနေနဲ့ မဲပေးခဲ့တာပါ။ အသင်းကောင်စီမှာရှိတဲ့ လူတိုင်းက မဲပေးနိုင်ပြီး အဲဒါကို ဆုံးဖြတ်ခဲ့တာပါ"လို့ သြစတြီးယားအသင်းခေါင်းဆောင် အလာဘာက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

ပြင်သစ်ရဲ့ အမ်ဘာပေက ဒုတိယနဲ့ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့တဲ့ ပြင်သစ်ကစားသမား ဘန်ဇီမာက တတိယတို့နဲ့အတူ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို အောင်ပွဲခံအောင် ဦးဆောင်ခဲ့တဲ့ မက်ဆီက ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဖီဖာဟာ နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်နဲ့ နည်းပြတစ်ဦးစီရဲ့ ထိပ်ဆုံး သုံးဦး ရွေးချယ်မှုစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

အလာဘာဟာ ဘန်ဇီမာကို ဒုတိယနေရာမှာ ရွေးချယ်ခဲ့တာပါ။

"အထူးသဖြင့် ကာရင်၊ သူ့ကို ကျနော် ဘယ်လောက်လေးစားဆိုတာနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို လူတိုင်းသိပါတယ်"လို့ အလာဘာက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ "ကျနော့်အတွက်ကတော့ သူက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့ ကျနော် မကြာခဏပြောဖူးပါတယ်၊ ဒါကလည်း သံသယကင်းကင်းနဲ့ပါပဲ။"

နောက်ထပ် ရီးယဲလ်မက်ဒရစ်ကစားသမား ခရိုအေးရှားအသင်းခေါင်းဆောင် လူကာ မိုဒရစ်က ဘန်ဇီမာကို ပထမနဲ့ မက်ဆီကို ဒုတိယလို့ ထည့်သွင်းခဲ့ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် မက်ဆီဟာ ပဲရစ်စိန့်ဂျာမိန်းအသင်းဖော်တစ်ဦးဖြစ်တဲ့ နေမာ ပထမနဲ့ တခြားတစ်ဦးဖြစ်တဲ့ အမ်ဘာပေကို ဒုတိယအဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။

ပီအက်စ်ဂျီကစားသမားဟောင်း သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ ဘရာဇီးလ်က နေမာကို ပထမအဖြစ် မဲပေးခဲ့ပြီး နောက်မှာတော့ မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။

တော့တင်ဟမ်အသင်းခေါင်းဆောင် ဟူဂိုလိုရစ်က အမ်ဘာပေကို မဲပေးခဲ့ပြီး အနောက်မှာတော့ နိုင်ငံတူ ဘန်ဇီမာ၊ မက်ဆီကို တတိယနေရာတို့မှာ မဲပေးခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly