ကလေး ပန်းချီကားမှ ပြောစကားများ(ရုပ်သံ)

ကလေး ပန်းချီကားမှ ပြောစကားများ(ရုပ်သံ)

အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးအဖွဲ့ (Asia Justice & Rights-AJAR)နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး  မတ်လ ၂၄ ရက်နေ့မှာ ကျရောက်မယ့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထိခိုက်နစ်နာသူများအတွက် ဂုဏ်သိက္ခာနှင့်အညီ အမှန်တရားရရှိရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အနေနဲ့ “တော်လှန်ခုခံတရားမှန် ကလေးပန်းချီပြိုင်ပွဲ”ကို ပြုလုပ်ကြပါတယ်။

ကလေးပန်းချီ ပြိုင်ပွဲမှာ ကရင်နီစစ်ရှောင်စခန်းက ကလေးငယ်များ၊ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကလေးငယ်များ၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ကလေးငယ်များအပါအဝင် အွန်လိုင်းမှ ကလေးငယ် ၁၈၀ ကျော်မှ ရေးဆွဲထားတဲ့ ပန်းချီကားနဲ့အတူ ရင်တွင်းစကားသံလေးတွေကို ပေးပို့ထားတယ်လို့ သိရပါတယ်။

ကရင်နီစစ်ရှောင်စခန်းက ကလေးငယ်တွေရဲ့ ကလေးပန်းချီပြိုင်ပွဲအကြောင်း မေးမြန်းတင်ဆက်ထားပါတယ်။

သတင်း-ဂျူချန်း
တင်ဆက်/တည်းဖြတ်- ဂျူချန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly