ရွာသစ်ကြီးတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို၀င်စီးပြီး ဘုန်းတော်ကြီးနှင့် လူလေးဦးကိုဖမ်း ဆီး

ရွာသစ်ကြီးတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို၀င်စီးပြီး ဘုန်းတော်ကြီးနှင့် လူလေးဦးကိုဖမ်း ဆီး

မဇ္စျိမ။ ။စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ၊ သက်တော်ရကျောင်းတိုက်အား စစ်ကောင်စီတပ်က ၀င် ရောက်စီးနင်းပြီး ဘုန်းတော်ကြီးတစ်ပါးနှင့် ဝေယျာ၀စ္စသမားလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

“သက်တော်ရဦးဇင်းနဲ့ အဲဒီရွာက ကိုကုလားဆိုသူအပါအ၀င် လေးယောက်ကို ဖမ်းသွားတာပါ။ ကိုကုလား တို့က ကျောင်းမှာဝေယျာ၀စ္စ လုပ်ပေးနေကြသူတွေလို့ ပြောတယ်။ အားလုံးပေါင်း လေးယောက်နဲ့ ဆရာတော်တစ်ပါးပေါ့။ ဆရာတော်ဘွဲ့နာမည်တော့ မေ့နေတယ်။ သက်တော်ရဦးဇင်းလို့ပဲ ဒီဘက်မှာက ခေါ်ကြတာ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်း-မုံရွာကားလမ်းဘေး ရွာသစ်ကြီးကျေးရွာရှိ သက်တော်ရဘုန်းကြီးကျောင်းတိုက်ကို ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းမြို့ တပ်မ(၃၃)မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့က ၀င်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“မနက်လင်းအားကြီးလောက်မှာ စကစတွေ ရွာထဲ၀င်လာပြီး ခဏစခန်းချတယ်လို့ ပြောတယ်။ နောက် တော့ ကျောင်းဘက်ကိုထွက်သွားပြီး ၀င်စီးတာတဲ့။ စစ်ရှောင်တွေကိုစောင့်ရှောက်ထားတဲ့ကိစ္စအတွက် စစ်ဆေးဖို့ခေါ်သွားတာလို့ လတ်တလောသိထားတယ်” ဟု စစ်ကိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ကပြော သည်။

သက်တော်ရကျောင်းတိုက်ကို ပြည်တော်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး၏လမ်းပြမှုဖြင့် စစ်ကောင်စီတပ်ကစီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်များအား လက်ခံထားကြောင်း သတင်းပေး တိုင်ကြားသဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required