ရန်ကုန်မြို့တွင် ပထမဆုံးကျဆုံးခဲ့သည့် သူရဲကောင်း ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ YRF မှ လွမ်းဆွတ်ခြင်းလှုပ်ရှားမှုပြုလုပ် (ရုပ်သံ) 

By ဂန္ဒမာ (မဇ္ဈိမ)
28 February 2023
ရန်ကုန်မြို့တွင် ပထမဆုံးကျဆုံးခဲ့သည့် သူရဲကောင်း ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ YRF မှ လွမ်းဆွတ်ခြင်းလှုပ်ရှားမှုပြုလုပ် (ရုပ်သံ) 

နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့မှာ ပထမဦးဆုံး ကျဆုံးသွားခဲ့တဲ့  သူရဲကောင်း လေးဦးကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းတို့ရဲ့  ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့တဲ့နေရာများအပါအဝင် ရန်ကုန်မြိုရှိ နေရာအချို့မှာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို Yangon Revolution Force - YRF ရဲ့ Soft Strike Community မှ ရဲဘော်များက ပြုလုပ်ခဲ့ကြပါတယ်။ 

စစ်ကောင်စီတပ်သားများရဲ့ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ဒေါ်တင်နွဲရီ (၅၉ နှစ်)၊ကိုဟိန်းထွဋ်အောင် (၂၃ နှစ်)နှင့် ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့က လွန်ခဲ့တဲ့ နှစ်နှစ်က ယခုလိုအချိန် ရန်ကုန်မြိုမှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။ 

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။ 

ရုပ်သံ
တည်းဖြတ်/တင်ဆက် - ဂန္ဒမာ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly