ဘဏ္ဍာနှစ် ၁၀ လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၂၂ ဘီလီယံကျော်အထိ တိုးတက် 

ဘဏ္ဍာနှစ် ၁၀ လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၂၂ ဘီလီယံကျော်အထိ တိုးတက် 
Photo - Investing.com

၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ဆယ်လ (၂၀၂၂ ဧပြီမှ ၂၀၂၃ ဇန်နဝါရီ) အတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၁၉ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးတက်ကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၄ ဘီလီယံရှိကြောင်း စစ်ကောင်စီလက်အောက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များကို ကိုးကားပြီး Business Standard က ဖော်ပြသည်။ 

နိုင်ငံ၏ ရေကြောင်းပို့ကုန်သည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့်ယှဉ်လျှင် ၁၀ ဒသမ ၂၁ ရာခိုင်နှုန်း တိုးများကာ ဒေါ်လာ ၉ ဒသမ ၂၂ ဘီလီယံကျော်ရှိပြီး ရေကြောင်း သွင်းကုန်က ၂၆ ဒသမ ၉၄ ရာခိုင်နှုန်း တိုးပြီး ၁၃ ဒသမ ၀၁ ဘီလီယံရှိသည်။ 

အဆိုပါ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး တန်ဖိုး ဒေါ်လာ ၇ ဒသမ ၀၉ ဘီလီယံအပါအဝင် နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးသည် ဒေါ်လာ ၂၉ ဒသမ ၃၃ ဘီလီယံရှိသည်။  

အရှေ့တောင်အာရှနိုင်ငံများသို့ နိုင်ငံခြားကုန်သွယ်မှုသည် ကမ်းရိုးတန်းထိစပ်မှု ရှည်လျားခြင်းကြောင့် ပင်လယ်ရေကြောင်းမှ အများဆုံး ဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့နှင့် ကုန်းတွင်းနယ်စပ် ကုန်သွယ်ရေးကို ဆောင်ရွက်ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ပို့ကုန်မှာ စိုက်ပျိုးရေးထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ငါးနှင့် ရေထွက်ပစ္စည်းများ၊ တွင်းထွက်သတ္တုများနှင့် သစ်တောထွက်ပစ္စည်းများ ဖြစ်ကြသည်။ သွင်းကုန်မှ လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းနှင့် စက်ယန္တရားများ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly