ဟောင်ကောင် အချုပ်အခြာအာဏာပိုင်နိုင်ငံ မဖြစ်နိုင် ဟု တရုတ် ပြော

ဟောင်ကောင် အချုပ်အခြာအာဏာပိုင်နိုင်ငံ မဖြစ်နိုင် ဟု တရုတ် ပြော

ဘေဂျင်း၊ မတ်၊ ၁၇။             ။  ဟောင်ကောင်အနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်မလာနိုင်ကြောင်း တရုတ်အရာရှိများက ပြောကြား လိုက်သည်။

ဟောင်ကောင်ကို သီးခြားနိုင်ငံတစ်ခုအဖြစ် ကုလသမဂ္ဂက ၂၀၄၇ ခုနှစ်တွင်အသိအမှတ်ပြုပေးရန် ဟောင်ကောင် တက္ကသိုလ်သတင်းစာတစ်စောင်တွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်တွင်   ရေးသားတောင်းဆိုပြီးနောက် ရက်ပိုင်း အတွင်းမှာပင် တရုတ်အာဏာပိုင်များက ထိုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှတို့လက်မှ တရုတ်နိုင်ငံလက်အောက်သို့ပြန်ရောက်ချိန်တွင် စတင်သက်ရောက်သော သူ၏ကိုယ်ပိုင်အခြေခံဥပဒေငယ်ထဲတွင် တစ်နိုင်ငံ၊ စနစ်နှစ်မျိုး စနစ်ကို နှစ်ပေါင်း ၅၀ ကျင့်သုံးရန် ပြဌာန်းထားသည်။

ထိုပြဌာန်းချက်အရ လက်ရှိ တစ်နိုင်ငံ၊ စနစ်နှစ်မျိုး စနစ်မှာ ၂၀၄၇ ခုနှစ်တွင်သက်တမ်းပြည့်မည့်သဘောရှိနေသဖြင့် ဟောင်ကောင်တက္ကသိုလ်သတင်းစာမှ ဆောင်းပါးရှင်က ထိုအချိန်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် သတ်မှတ် ပေးရန် ကုလသမဂ္ဂကိုတောင်းဆိုထားခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်းက လူအများပါဝင်ခဲ့သောဆန္ဒပြပွဲများအပြီးနောက်ပိုင်းတွင် ဟောင်ကောင်၌ တရုတ်တို့ထံမှ ယခုထက်ပိုမိုသောလွတ်လပ်ခွင့်ပေးရန် တောင်းဆိုမှုတွင် ပါဝင်သူများ တဖြည်းဖြည်းချင်း   မြင့်တက်လာလျှက်ရှိသည်။

၂၀၄၇ ခုနှစ်တွင် ဟောင်ကောင်ကိုအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်အသိအမှတ်ပြုရန် တောင်းဆိုထားသော ဆောင်းပါးနှင့် ပတ်သတ်ပြီး တရုတ်ပါလီမန်၏ ဥပဒေရေးရာကော်မတီအကြီးအကဲကမူ မည်သို့မျှ မဖြစ်နိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly