ရန်ကုန်မြို့တွင် ပထမဆုံး ကျဆုံးခဲ့သည့် ပြည်သူ ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ် 

By ဂန္ဒမာ၊ မေဘယ်လ်သူ 
28 February 2023
ရန်ကုန်မြို့တွင် ပထမဆုံး ကျဆုံးခဲ့သည့် ပြည်သူ ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ် 

ရန်ကုန်မြို့တွင် ပထမဆုံးကျဆုံးခဲ့သည့် ပြည်သူလေးဦးအား အောက်မေ့ဂုဏ်ပြုသည့် အနေဖြင့် ၎င်းတို့ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် YRF မှ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ 

ကျဆုံးသွားခဲ့ ပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိနေရာအချို့၌ Yangon Revolution Force - YRF ၏ Soft Strike Community ရဲဘော်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်မှအာဏာသိမ်းယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၏ ရက်ရက် စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ ဒေါ်တင်နွဲ့ရီ (၅၉ နှစ်)၊ ကိုဟိန်းထွဋ်အောင် (၂၃ နှစ်) နှင့် ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့ ကျဆုံးခဲ့ရသည်။ 

“ သူရဲကောင်း လေးဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရရာနည်းလမ်းနဲ့တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို ထပ်မံအသိပေး တိုက်တွန်းလိုက်ပါသည် " ဟု Yangon Revolution Force – YRF (ရန်ကုန်တော်လှန်ရေးအင်အားစု) က ထပ်မံအသိပေး တိုက်တွန်း ထားသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly