No Fly Zone သတ်မှတ်ပေးရန် နှင့် MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပေးရန် အမေရိကန်ရောက် မြန်မာများ တောင်းဆို

No Fly Zone သတ်မှတ်ပေးရန် နှင့် MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပေးရန် အမေရိကန်ရောက် မြန်မာများ တောင်းဆို

အရပ်သားပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီကို အရေးယူပေးဖို့နဲ့ လေယာဉ်မပျံသန်းရဇုန်တွေ သတ်မှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေ မြို့တော်ဝါရှင်တန်ဒီစီမှာ ဖေဖော်ဝါရီ ၂၆တွင် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ယင်းဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီ ဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများ (NYCBC)က ဦးဆောင်ခဲ့ပြီး ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့တွင် ဒေသစံတော်ချိန် နေ့လည်၁နာရီမှ ညနေ ၅နာရီထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြချီတက်ခြင်းကို NYCBC နှင့်အတူ အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ပြည်နယ်အများအပြားမှ မြန်မာတိုင်းရင်းသားများ ပူးပေါင်းခဲ့ပြီး အင်အား ၃ဝဝ လောက်ရှိပါတယ်။

ဆန္ဒပြတောင်းဆိုသူများက မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ပေးရန် စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုဆန္ဒပြခဲ့ကြပြီး No Fly Zone သရုပ်ပြအစီစဉ်များကိုလဲ ထည်သွင်းကျင်းပခဲ့ကြသည်။

အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းပေါက်ဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။

ဒီ MOGE က ရတဲ့ဝင်ငွေတွေကြောင့် စစ်ကောင်စီဟာ လေကြောင်းသုံး တိုက်ခိုက်နိုင်နေတာလို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အထောက်အပံ့တွေ ထပ်တိုးပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly