လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများအား ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ထား

By မေဘယ်လ်သူ
26 February 2023
လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများအား ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ထား

လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများအား စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ်သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် (MIC)က ဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၃ နှင့် ပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သတ်မှတ်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါကဏ္ဍတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်/ ထုတ်လုပ်/ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ အားဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘက္ထရီထုတ်ခြင်းနှင့် ဆက်စပ်ဝန် ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံး ဘတ်စ်ကားပြေးဆွဲခြင်း၊ လျှပ်စစ်သုံးအငှားယာဉ် (Taxi)နှင့် ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ် ကိုယ်ထည်အစိတ်အပိုင်း၊ ဆက်စပ်ပစ္စည်းနှင့် စက်ကိရိယာများ၊ ပြုပြင်ထိန်း သိမ်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ နှစ်ဘီးတပ်ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်း / စက်ကိရိယာများ၊ လျှပ်စစ်နှင့် ဒီဇယ်-လျှပ်စစ် မီးရထားစက်ခေါင်း၊ အားသွင်းခြင်းဆိုင်ရာစသည့် ဆက်စပ်ပစ္စည်းစက် ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။ 

လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့်  ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required