ပါကစ္စတန်က ဘာသာရေးကို ဦးစားပေးကာ စီးပွားရေးမတည်ငြိမ်မှုများကို လျစ်လျူရှုထား 

By ANI
24 February 2023
ပါကစ္စတန်က ဘာသာရေးကို ဦးစားပေးကာ စီးပွားရေးမတည်ငြိမ်မှုများကို လျစ်လျူရှုထား 

ပါကစ္စတန်အောက်လွှတ်တော်သည်  ဘာသာရေးအပေါ်ပြစ်မှားမှုနှင့်ပုတ်ခတ်ပြောဆိုမှုဆိုင်ရာဥပဒေများကို ထပ်ဖြည့်စွက်ရန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပါကစ္စတန်ရာဇသတ်ကြီးဥပဒေ (PPC) ကို ပြင်ဆင်လိုက်သည်။ 

အဆိုပါပြင်ဆင်ချက်များအနက်တစ်ခုဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေများ (ပြင်ဆင်ချက်) ဥပဒေကြမ်း ၂၀၂၃ တွင်  ၃ နှစ်ပြစ်ဒဏ်မျိုးကို  တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲခဲ့သည်။ 

ပါကစ္စတန်ရာဇသတ်ကြီးဥပဒေသည် ကုရ်အာန်ကျမ်းနှင့် တမန်တော်မိုဟာမက်ကို ပုတ်ခတ်ပြောဆိုမှုမှန်သမျှအား ရာဇဝတ်မှုအဖြစ်သတ်မှတ်ကာ သေဒဏ်အပါအဝင် ပြစ်ဒဏ်များချမှတ်သည်။ ပါကစ္စတန်သည် ဘာသာရေးကို ပုတ်ခတ်ပြောဆိုမှုအတွက် သေဒဏ်ကို မကျင့်သုံးရသေးသည့်တိုင် ပုတ်ခတ်ပြောဆိုမှုဆိုင်ရာ ဥပဒေများက ဆူပူဆန္ဒပြမှုများကို အားပေးရာရောက်ကြောင်း Foreignpolicy.comက ဖော်ပြခဲ့သည်။  
ဘာသာရေးပြစ်မှားမှုဥပဒေများသည် ပါကစ္စတန်ရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများကို မျှမျှတတ ပြစ်ဒဏ်ချမှတ်ခြင်းမရှိပေ။

ပါကစ္စတန်အောက်လွှတ်တော်မှ အတည်ပြုခဲ့သော ဥပဒေပြင်ဆင်ချက်သည် ဆွန်နီယုံကြည်မှုနှင့် အစဉ်အလာကို အတင်းအကျပ်လိုက်နာစေပြီး ရှီးယိုက်ယုံကြည်ချက်များကို တရားမဝင်ကြောင်း ကြေညာထားသည်။

ပါကစ္စတန်သည် ၂၀၁၆ ခုနှစ်တွင် အီလက်ထရွန်းရာဇဝတ်မှုများတားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဘာသာရေးမယုံကြည်သူများအပေါ် တန်ပြန်မှုစတင်ခဲ့ကာ ဘာသာရေးကို ပြစ်မှားမှုမှန်သမျှကို တိုင်ကြားရန် နိုင်ငံတစ်ဝန်းမှ ဖုန်းအသုံးပြုသူများထံ တရားဝင် စာတိုပေးပို့ခဲ့သည်။

ရှီးယိုက်များနှင့် အဟ်မဒီအသိုက်အဝန်းများသည် ၎င်းတို့ယုံကြည်ချက်များကြောင့် အဖိနှိပ်ခံရသလို ဘာသာမဲ့များမှာလည်း ပါကစ္စတန်တွင် ပစ်မှတ်ထားခံရသည်။ ပါကစ္စတန်တွင် ဘာသာမဲ့ဝါဒီနှင့် အယူဝါဒစွန့်ပစ်ခြင်းတို့ကိုလည်း ဘာသာတရားကို ပြစ်မှားမှုအဖြစ်သတ်မှတ်ကာ သေဒဏ်ပေးနိုင်သည်။

ကမ္ဘာ့အဖွဲ့အစည်းများသည် ပါကစ္စတန်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အထူးသဖြင့် ဘာသာတရားအပေါ်ပြစ်မှားမှုနှင့် သက်ဆိုင်သောဥပဒေများကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရန် စဉ်းစားနေကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly