စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းရှိ စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ ညပိုင်းဓာတ်အားသုံးစွဲပြီး အလုပ်မလုပ်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက်ကနေ ၂၀ ရက်အထိ ညနေ ၅ နာရီကနေ ည ၁၀ နာရီအတွင်း သုံးစွဲပြီး လုပ်ငန်းဆောင်ရွက်တာကို စစ်ဆေးတွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်းအရ ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဘယ်လို အုပ်ချုပ်မှု နည်းလမ်း ဥပဒေအရ အရေးယူမယ်ဆိုတာကိုတော့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သေချာမရှင်းပြထားပါဘူး။
ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မဇ္ဈိမရဲ့ ရုပ်သံသတင်းထောက် မောင်ခက်နွေက စုစည်းတင်ဆက်ထားပါတယ်။
သတင်း - မောင်ခက်နွေ
တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ