တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း စက်မှုလက်မှုလုပ်ငန်းများ ညပိုင်းလျှပ်စစ်မသုံးစွဲရန် တားမြစ်  ရုပ်သံ (မဇ္ဈိမ) 

By မောင်ခက်နွေ(မဇ္ဈိမ)
24 February 2023
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း စက်မှုလက်မှုလုပ်ငန်းများ ညပိုင်းလျှပ်စစ်မသုံးစွဲရန် တားမြစ်  ရုပ်သံ (မဇ္ဈိမ) 

စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းရှိ စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ ညပိုင်းဓာတ်အားသုံးစွဲပြီး အလုပ်မလုပ်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

မတ်လ ၁ ရက်ကနေ  ၂၀ ရက်အထိ ညနေ ၅ နာရီကနေ ည ၁၀ နာရီအတွင်း သုံးစွဲပြီး လုပ်ငန်းဆောင်ရွက်တာကို စစ်‌ဆေးတွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်းအရ ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

ဘယ်လို အုပ်ချုပ်မှု နည်းလမ်း ဥပဒေအရ အရေးယူမယ်ဆိုတာကိုတော့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သေချာမရှင်းပြထားပါဘူး။ 

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မဇ္ဈိမရဲ့ ရုပ်သံသတင်းထောက် မောင်ခက်နွေက စုစည်းတင်ဆက်ထားပါတယ်။ 

သတင်း - မောင်ခက်နွေ
တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required