ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့များရဲ့ လုံခြုံရေးယူမှုနှင့် ရှာဖွေဖမ်းဆီးမှုတွေ ပုံစံပြောင်းလဲလာ

By ဂန္ဒမာ
23 February 2023
ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့များရဲ့ လုံခြုံရေးယူမှုနှင့် ရှာဖွေဖမ်းဆီးမှုတွေ ပုံစံပြောင်းလဲလာ

(မဇ္ဈိမ)။။ စစ်တပ်က အာဏာသိမ်းယူထားတဲ့ နှစ်နှစ်ကျော်ကာလမှာ ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့များရဲ့ လုံခြုံရေးယူမှုအခြေအနေများနဲ့ အာဏာသိမ်းဆန့်ကျင်သူတွေကို ပစ်မှတ်ထားတဲ့ ရှာဖွေဖမ်းဆီးမှုများလည်း ပုံစံပြောင်းလဲလာတယ်လို့ သိရပါတယ်။

မြို့တွင်း တိုက်ခိုက်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီးနောက်မှာတော့ စစ်ဆေးရှာဖွေပုံများကအစ ပြောင်းလဲလာခြင်းဖြစ်ပြီး အခုနောက်ပိုင်းမှာ အရပ်ဝတ်အသွင်ပြောင်းပြီး လူစည်ကားတဲ့ နေရာတိုင်းလိုလိုမှာ သူတို့ ရှိနေတတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly