ရီးယဲလ်မက်ဒရစ်ရဲ့ 'မှော်ဆရာ' အမန်စီယို အသက် ၈၃ နှစ်မှာ ကွယ်လွန်

ရီးယဲလ်မက်ဒရစ်ရဲ့ 'မှော်ဆရာ' အမန်စီယို အသက် ၈၃ နှစ်မှာ ကွယ်လွန်
Photo: AFP

မှော်ဆရာလို့ ချစ်စနိုးခေါ်ကြတဲ့ ရီးယဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားကြီး အမန်စီယို အမာရိုဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကလပ်အသင်းက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ညာတောင်ပံကစားသမားဟာ ၁၉၆၂ ဒီပို့ဒီဗိုကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၆ မှာ အနားမယူခင် မက်ဒရစ်မှာ လိဂ်ဖလား ၉ လုံးနဲ့ ဥရောပဖလားတစ်လုံး ရယူနိုင်ခဲ့ပါတယ်။

အမန်စီယိုဟာ ၁၉၈၄-၈၅ ဘောလုံးရာသီမှာ အသင်းကို နည်းပြအဖြစ် မကိုင်တွယ်ခင် မက်ဒရစ်အတွက် ၄၇၁ ပွဲကစား ၁၅၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။

"ပါကို ဂျန်တိုနဲ့ အတူ အမန်စီယိုက ရီးယဲမက်ဒရစ်ကို ငါးနှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ပေးခဲ့အပြီးမှာ ဖြစ်ပေါ်လာတဲ့ အသင်းကို ဦးဆောင်ခဲ့ပြီး ကျနော်တို့အသင်းရဲ့ သမိုင်းကြောင်းကို အတုယူခဲ့တဲ့ တန်ဖိုးတွေကို ကိုယ်စားပြုပါတယ်"လို့ မက်ဒရစ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"Madridistas အားလုံးနဲ့ ဘောလုံးပရိသတ်တွေအားလုံးက ဒီအားကစားရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂန္ထဝင်တွေထဲက တစ်ယောက်အဖြစ် သူ့ကို အမှတ်ရနေပါလိမ့်မယ်။"

အမန်စီယိုဟာ သူတို့ရဲ့ ၁၉၆၄ ဥရောပချန်ပီယံရှစ်အောင်ပွဲမှာ စပိန်အသင်းအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

အသင်းဖော်ဟောင်း ပါကို ဂျန်တို ကွယ်လွန်ပြီးနောက် ၂၀၂၂ မှာ အမန်စီယိုကို ရီးယဲလ်မက်ဒရစ်ရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly