မန်ချက်စတာဒါဘီမှာ မဖြစ်မနေအနိုင်ယူရမည့်ပွဲဟု မန်စီးတီးတိုက်စစ်မှူးအဂူရိုပြော

မန်ချက်စတာဒါဘီမှာ မဖြစ်မနေအနိုင်ယူရမည့်ပွဲဟု မန်စီးတီးတိုက်စစ်မှူးအဂူရိုပြော

မတ် ၁၇၊ မန်ချက်စတာ။         ။ မန်ချက်စတာဒါဘီတွင် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်း၏ ချန်ပီယံလိဂ်မျှော်လင့်ချက်ကို အဆုံးသတ်ပစ်လိုက်ရန် မန်စီးတီးအသင်းဖော် များကို အဂူရိုကတိုက်တွန်းလိုက်သည်။

တနင်္ဂနွေတွင်ကစားရမည့်ဒါဘီပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်အရေးပါနေပြီး အဆင့် ၄ နေရာမှ မန်စီးတီနှင့် အဆင့် ၆ နေရာမှ မန်ယူ အသင်းတို့မှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာလုရမည်ဖြစ်သည်။

အဆင့် ၅ တွင်ရှိနေသည့် ဝက်စ်ဟမ်းတွင်လည်းမျှော်လင့်ချက်ရှိနေရာ မန်စီးတီးအနေဖြင့် အီတီဟတ်ကွင်းတွင် မြို့ခံပြိုင်ဘက် ယူနိုက်တက်၏ မျှော်လင့်ချက်များကို အဆုံးသတ်စေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

"ကျွန်တော်တို့အနိုင်ရဖို့လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ချန်ပီယံဖြစ်ခွင့်မသေချာချိန်မှာ အဆင့် ၄ နေရာတော့ သေချာဖို့လိုတယ်လေ။ ကျွန်တော်တို့ဖလားလိုချင်သလို ယူနိုက်တက်ကိုလည်း နောက်မှာပဲထားချင်တယ်။

ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး အားစိုက်ကစားသွားပါမယ်။ လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်ကဆိုရင် စီးတီးဟာဒါဘီပွဲတွေကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် အရည်အသွေးမြင့်ကစားသမားတွေကို ငွေကြေးမြှုပ်နှံသုံးစွဲခေါ်လိုက်ပြီးနောက်မှာတော့ အဆင့်တူသွားခဲ့တယ်။

ယူနိုက်တက်မှာ ဘာတွေဖြစ်နေလဲ ကျွန်တော်မသိဘူး။ စီးတီးအတွက်နဲ့ တနင်္ဂနွေပွဲအတွက်ပဲ အာရုံစိုက်ထားတယ်။ အနိုင်ရဖို့ကလွဲရင် ကျန်တာမစဉ်းစားထားဘူး"ဟု အဂူရိုက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly