ရုရှားကိုမျက်နှာချိုသွေးပေါင်းနေရတဲ့ စစ်ကောင်စီ (ဆောင်းပါး)

By Spring
19 February 2023
ရုရှားကိုမျက်နှာချိုသွေးပေါင်းနေရတဲ့ စစ်ကောင်စီ (ဆောင်းပါး)

ဖေဖော်ဝါရီလ ၁၉ ရက်

ဖေဖော်ဝါရီ ၁၈ ရက်နေ့ဟာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်တဲ့ စိန်ရတုနေ့ပါ။
စစ် ကောင်စီရဲ့ နိုင်ငံပိုင်မီဒီယာတွေဟာ အဲဒီနေ့မတိုင် ခင်ကတည်းက ရုရှားကို
အမွှမ်းတင်ရေးသားထားတဲ့ ဆောင်း ပါးတွေ၊ သတင်းထုတ်လွှင့်မှုတွေနဲ့ဝါဒဖြန့်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ တန်းတူရည်တူ ရှိတဲ့သံတမန်ဆက်ဆံရေးမျိုးတော့ မဟုတ်ပါဘူး။ စစ်ကောင်စီ အနေနဲ့ ရုရှားကို မျက်နှာချိုသွေးပြီးပေါင်းနေရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ မဖြစ်မနေပေါင်းရမယ့် အိမ်နီးချင်းနိုင်ငံမျိုးလည်း မဟုတ်၊တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးမှုအတွက်လည်း အကျိုးအမြတ်မရှိ ၊ နဂိုကတည်းကရင်းရင်းနှီးနှီးဆက်ဆံရေးရှိတဲ့ နိုင်ငံမျိုးလည်း မဟုတ် တဲ့ ရုရှားကို စစ်ကောင်စီက ဘာကြောင့်အောက်ကျို့ခံပြီး ပေါင်းနေရတာလဲဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ အချက်တွေပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly