ပါကစ္စတန်ရှိ တရုတ်၏ မဟာရထားလမ်းစီမံကိန်းကြီး အခက်အခဲများ ကြုံတွေ့နေ

ပါကစ္စတန်ရှိ တရုတ်၏ မဟာရထားလမ်းစီမံကိန်းကြီး အခက်အခဲများ ကြုံတွေ့နေ

ပါကစ္စတန်သည် ချေးငွေအမြောက်အမြား ယူရန်မတတ်နိုင်ခြင်းကြောင့် မဟာရထားလမ်းစီမံကိန်းကြီး၏ ကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချရေးအတွက် တရုတ်နှင့် ဆွေးနွေးရန် စီစဉ်နေကြောင်း မီးရထားဝန်ကြီးက ပြောကြားလိုက်သည်။

မီးရထားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ကို ရယူကာ တရုတ်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဆတ်ရာဖီကွာက လာဟိုးမြို့တွင် ဖေဖော်ဝါရီလ ၆ရက်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် ပါကစ္စတန် တောင်ဘက်ရှိ ကရာချိမြို့မှ ပက်ရှ်ဝါမြို့သို့ မိုင်ပေါင်း ၁ ၁၆၃ ရှည်လျားသည့် ရထားလမ်းကို အဆင့်မြှင့်တင်ရန် နိုဝင်ဘာလက သဘောတူညီခဲ့ကြသည်။

"ဒီလောက် များပြားတဲ့ချေးငွေကို ဘယ်လိုပြန်ဆပ်မလဲ" ဟု ဆတ်ရာဖီကွာက ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ဒေါ်လာ ၂၉ ဘီလီယံကျော်တန်ဖိုးရှိ စီမံကိန်းများနှင့်အတူ သမ္မတ ရှီကျင့်ဖျင်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအတွက် အထင်ကရနေရာမှ ပါဝင်နေသည်။

ဓာတ်အားမလုံလောက်မှုကို ဖြေရှင်းရေးအတွက် တရုတ်က ဓာတ်အားပေးစက်ရုံများကို တည်ဆောက်ပေးခြင်းက ပါကစ္စတန်၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ပိုမိုဆိုးရွားစေခဲ့သည်။

ပါကစ္စတန်သည် နိုင်ငံပိုင်စီးပွားရေးဘဏ်များအပါအဝင် တရုတ်နိုင်ငံသို့ နိုင်ငံခြားကြွေးမြီ၏ ၃၀ ရာခိုင်နှုန်းခန့် ပေးရန်ရှိနေကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly