သြစတြေးလျ ဖျော်ဖြေပွဲတွင် အရက်သေစာ သောက်ခဲ့ခြင်းမဟုတ် သရုပ်ဆောင်ခြင်း သာဖြစ်ဟု မက်ဒေါနား ပြော

သြစတြေးလျ ဖျော်ဖြေပွဲတွင် အရက်သေစာ သောက်ခဲ့ခြင်းမဟုတ် သရုပ်ဆောင်ခြင်း သာဖြစ်ဟု မက်ဒေါနား ပြော

ပေါ့ပ်ဘုရင်မ မက်ဒေါနားက သြစတြေးလျနိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပပြုလုပ် သော ဖျော်ဖြေပွဲတွင် အရက်သေစာသောက်စားခဲ့ကြောင်း  ပုတ်ခတ်ပြောကြားခြင်းခံခဲ့ရသော်လည်း မက်ဒေါနားက ဖျော်ဖြေတင်ဆက်မှုအတွင်း သရုပ်ဆောင်ရုံမျှသာဖြစ်ကြောင်း  မတ်၁၅ရက်က ပြောကြားခဲ့သည်။

မီဒီယာထုတ်ပြန်ချက်များနှင့် ပရိတ်သတ်များက တင်ထားသော ဗီဒီယိုဖိုင်များက မတ် ၁၀ ရက်နှင့် ၁၂ ရက်က မဲဘုန်းလ်မြို့တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် မက်ဒေါနားသည် စကားများကို ထစ်ငေါ့တစ်ငေါ့ဖြင့် ပြောကြားနေသည်ကို ဖော်ပြနေမှုကြောင့် ၎င်းကိုထောက်ခံအားပေး သော ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း အသက် ၅၇ နှစ်အရွယ်ရှိ မက်ဒေါနားက Instagram တွင် ဖော်ပြထားသည်။

မက်ဒေါနားနှင့် ခင်ပွန်းဟောင်းဖြစ်သူ ဗြိတိန်ဒါရိုက်တာ ရေးရစ်ချီတို့အကြား အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ ရော့ကိုကို စောင့်ရှောက်ခွင့်ရရေးနှင့် စပ်လျဉ်း၍ တရားရင်ဆိုင်မှုအကြောင်းများ ကိုလည်း ဖျော်ဖြေပွဲတွင် ပြောကြားခဲ့သည်။

“ညံ့ဖျင်းတဲ့လူတွေက သရုပ်ဆောင်တဲ့ အနုပညာကို မသိကြဘူး။ ကျွန်မ ဖျော်ဖြေပွဲမှာ ဘယ်တုန်းကမှ အရက်သေစာ မသောက်စားခဲ့ဘူး” ဟု မက်ဒေါနားက Instagram တွင် ပြောကြား ခဲ့သည်။

မက်ဒေါနားသည် ပြီးခဲ့သည့် သီတင်းပတ်က မဲလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သော “Tears of a Clown” ဖျော်ဖြေပွဲ၌ ပန်းရောင်ဆံပင်အတု၊ ဦးထုပ်မြင့်၊ အစင်းကြားပါသော အသားကပ်ဘောင်းဘီ နှင့် အဝါရောင်ဂါဝန်တို တို့ကို ဝတ်ဆင်ကာ ဖျော်ဖြေခဲ့သည်။

မက်ဒေါနားသည်  စင်ပေါ်တွင် ဖျော်ဖြေနေစဉ်အတွင်း Csomo  အရက်စုံယာမကာကို သောက်သုံးနေသည့်ပုံ သရုပ်ဆောင်ခဲ့ပြီး သုံးဘီးစက်ဘီးပေါ်မှ ပြုတ်ကျခဲ့ပြီးနောက် ကြမ်းပြင်ပေါ်တွင် လှဲကာ ဟန်မပျက် ဓာတ်ပုံရိုက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly