တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘောများက တောင်အမေရိကရှိ ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်း ခြောက်နေ 

By ANI  
16 February 2023
တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘောများက တောင်အမေရိကရှိ ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်း ခြောက်နေ 

တရုတ်ကမ်းဝေးငါးဖမ်းသင်္ဘောများ (DWF) သည်  အကာအကွယ်ပေးထားရသည့် ရှားပါးမျိုးစိတ်များကို ဖမ်းဆီးနေကာ အဏ္ဏဝါဂေဟစနစ်ကို နှောင့်ယှက်လျက်ရှိသည်။

ယင်းကမ်းဝေးငါးဖမ်းသင်္ဘောများကို အာရှတိုက်တွင် ဂျပန်နှင့် တောင်ကိုရီးယားအနီးရှိ နိုင်ငံတကာရေပိုင်နက်များနှင့် တောင်အမေရိကတိုက်ရှိ အီကွေဒေါ၊ ချီလီနှင့် အာဂျင်တီးနားနိုင်ငံများအနီးတွင် တွေ့ရကြောင်း Geopolitica.info တွင် ဖော်ပြထားသည်။

တရုတ်မှ ကီလိုမီတာ ၁၉ ဝဝဝ မှ ၂၂ ဝဝဝ ကွာဝေးသည့်တိုင် အဆိုပါ ကမ်းဝေးငါးဖမ်းသင်္ဘောများသည် အမေရိကန်ကမ်းရိုးတန်း ဒေသများအနီးထိ ငါးဖမ်းနေကြောင်း တွေ့ရသည်။

အီကွေဒေါ၏ သီးသန့်စီးပွားရေးဇုန်များ (EEZ) အစွန်းတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအစောပိုင်းက ငါးဖမ်းသင်္ဘော ၂၆၀ ခန့်ကို တွေ့ရကြောင်း အီကွေဒေါရေတပ်က ထုတ်ပြန်ခဲ့သည်။  

ကမ်းဝေးငါးဖမ်းသင်္ဘောများသည် ဇူလိုင်လကုန်တွင် အရေအတွက် ၃၄၀ အထိ တိုးလာခဲ့ပြီး ယင်းသင်္ဘောများက  ကမ္ဘာ့ပြည်ကြီးငါး စုစုပေါင်း၏ ၅၀ မှ ၇၀ ရာခိုင်နှုန်းခန့်ကို ဖမ်းဆီးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ် ကမ်းဝေးငါးဖမ်းသင်္ဘောများသည် ၎င်းတို့အား ခြေရာမခံနိုင်စေရန် အချက်ပြစနစ်များကို ပိတ်ထားပြီး ငါးများဖမ်းဆီးခဲ့ကြောင်း Geopolitica.info ၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါသင်္ဘောများသည် ငါးမန်းများနှင့် လိပ်များကဲ့သို့ အကာအကွယ်ပေးထားရသည့် ရှားပါးမျိုးစိတ်များကို ဖမ်းဆီးရုံသာမကဘဲ အမှိုက်အများအပြားကို သမုဒ္ဒရာထဲသို့ စွန့်ပစ်ကြသည်။

အီကွေဒေါနိုင်ငံ ဂါလာပါဂိုကျွန်းစုများ၏ ကမ်းခြေများတွင် စုပုံနေသော အမှိုက်များ၏ ၃၀ ရာခိုင်နှုန်းခန့်သည် တရုတ်သင်္ဘောများမှ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly