ရိုင်ယာဇန်၊ မတ်၊ ၁၆ ။ ။ ဆက်ကပ်အဖွဲ့တစ်ခုက ဝန်ထမ်းတစ်ဦးဟာ ကျားတစ်ကောင်ကို လှောင်အိမ်ထဲကထုတ်ကာ လည်ပတ်ပတ်ပေးပြီး ဈေးဝယ်စင်တာ တစ်ပတ်လမ်းလျှောက်ထွက်မိလို့ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။
အဲဒီလို ကျားတစ်ကောင်နဲ့မှ အညောင်းပြေလမ်းလျှောက်ရင်း ဈေးဝယ်ထွက်ချင်တဲ့ ဝန်ထမ်းဟာ ဆက်ကပ်အဖွဲ့မှာ တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့တာဝန်ယူထားသူဖြစ်ပြီး အရက်မူးနေလို့ အခုလိုလုပ်ခဲ့တာလို့ ယူဆရပါတယ်။
ဆက်ကပ်ထဲက ကျားငယ်လေးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်မိတဲ့ ယင်းဝန်ထမ်းကို သူ့ရဲ့ဆက်ကပ်အဖွဲ့က အလုပ်ထုတ်လိုက်တဲ့အပြင် ရဲတွေကလည်း ဒဏ်ငွေရိုက်ခဲ့ပါသေးတယ်။
ကျားတစ်ကောင်နဲ့ လမ်းလျှောက်ထွက်ခဲ့တဲ့သူ့ကိုတွေ့လိုက်တဲ့ လမ်းသွားလမ်းလာတွေကလည်း အလွတ်မပေးဘဲ ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်မီဒီယာထက်မှာ မျှဝေခဲ့ကြပါသေးတယ်။