ဘာသာရေးလူနည်းစုများအား ခွဲခြားဆက်ဆံမှုအပေါ်  ပါကစ္စတန်လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်နေ

By ANI 
15 February 2023
ဘာသာရေးလူနည်းစုများအား ခွဲခြားဆက်ဆံမှုအပေါ်  ပါကစ္စတန်လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်နေ

ပါကစ္စတန်၌ ဘာသာရေးကွဲပြားသော လူနည်းစုများ ပစ်ပယ်ခံထားရမှုပေါ် စိုးရိမ်ပူပန်ကြောင်း  ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP) က ပြောသည်။

ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP)  က ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်းတွင် လွတ်လပ်စွားကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အစိုးရ၏ကတိကဝတ်များနှင့် တခြားစီဖြစ်သည့် ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ပေါ်တိုးတက်မှုများကို တွေ့ရကြောင်း ‘လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ ကတိဖောက်ဖျက်မှု’ ဟုခေါင်းစဉ်တပ်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆင်းဒ်ပြည်နယ်တွင် အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းခြင်းဖြစ်စဉ်များမှာလည်း  စိုးရိမ်ဖွယ်ရာဖြစ်သည်။ 
ဘာသာရေးလူလူနည်းစုများ၏ ဝတ်ပြုရာနေရာများကို ဖျက်ဆီးခြင်းများ ဆက်လက် ဖြစ်ပွားနေပြီး အဟ်မဒီယာမွတ်စလင်အသိုက်အဝန်းနှင့်ဆက်စပ်သော နေရာများရှိ ထိုကဲ့သို့သော ဖြစ်ရပ်များကို အစိုးရက အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း HRCP ဥက္ကဋ္ဌ ဟီနာဂျီလာနီက ပြောကြားခဲ့သည်။

ဟိန္ဒူ၊ ခရစ်ယာန်၊ ဆစ်ခ်နှင့် အဟ်မဒီများအပါအဝင် နိုင်ငံရှိ လူနည်းစုအသိုင်းအဝိုင်းများသည် လူများစုအသိုက်အဝန်း၏ နှိပ်စက်ညှဉ်းပန်းမှုအောက်တွင် စိုးရိမ်ကြောက်ရွံ့ မှုများနှင့် နေထိုင်ကြရသည်။ 

ပန်ဂျပ်၊ ဆင်းဒ်နှင့် ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်များရှိ  မြို့ကြီးများနှင့် မြို့နယ်များတွင် ၂၀၂၂ ခုနှစ်က လူနည်းစု အသိုင်းအဝန်းများ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်အများအပြား ပေါ်ပေါက်ခဲ့သည်။
ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင် (HRCP)  က ၂၀၁၄ ခုနှစ် တရားရုံးချုပ်စီရင်ချက်အရ လူနည်းစုများအတွက် ကိုယ်စားပြုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအမျိုးသားကော်မရှင်တစ်ရပ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းခြင်းကို ရာဝတ်မှု အဖြစ်သတ်မှတ်ရေး အရေးပေါ်ဥပဒေပြဋ္ဌာန်းရန်လည်း HRCP က တောင်းဆိုထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly