ပါကစ္စတန်ရဲတပ်ဖွဲ့က TTP အကြမ်းဖက်သမား ၁၂ ဦးကို သုတ်သင် 

By MSN
15 February 2023
ပါကစ္စတန်ရဲတပ်ဖွဲ့က TTP အကြမ်းဖက်သမား ၁၂ ဦးကို သုတ်သင် 

ပါကစ္စတန်နိုင်ငံ ခိုက်ဘာပက်ခ်တွန်ခဝါပြည်နယ်ရှိ လက်ကီမာဝတ်ဒေသတွင် စစ်ဆင်ရေးတစ်ခုအတွင်း တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အကြမ်းဖက်သမား ၁၂ ဦးကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် သုတ်သင်နိုင်ခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က သတင်းထုတ်ပြန်သည်။

လက်ကီမာဝတ်ဒေသတွင် အကြမ်းဖက်သမားများ ရောက်ရှိနေသည်ဟု သတင်းရရှိပြီးနောက် စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အကြမ်းဖက်သမားများက နယ်မြေအတွင်းမှ မော်တော်ယာဉ်ဖြင့် ထွက်ပြေးရန် ကြိုးပမ်းချိန်တွင် လုံခြုံရေးတပ်ဖွဲ့က သုတ်သင်ခဲ့ကြောင်း ARY News သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁၂ ဦး သေဆုံးခဲ့ပြီး လက်နက်များနှင့် အာဖဂန်ငွေကြေးများ သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သမားများကို နယ်မြေအတွင်းမှ ဖယ်ရှားပေးသည့် လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်ကို ဒေသတွင်းရှိ လူမျိုးစုခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။

လက်နက်ကိုင် အကြမ်းဖက်သမားများသည် ဇန်နဝါရီလက လက်ကီမာဝတ်ခရိုင်ရှိ ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း  ရဲများ ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ အကြမ်းဖက်သမားများ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း  ARY News သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly