လျှပ်စစ်စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်ရရှိထား

By မေဘယ်လ်သူ
14 February 2023
လျှပ်စစ်စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်ရရှိထား

မဇ္ဈိမ။ ။ ပြည်တွင်းရှိ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်မြှုပ်နှံထားကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်မှာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ရရှိထားသော စာရင်းများဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိရရှိထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် လျှပ်စစ်စွမ်းအင် ကဏ္ဍမှ ဒေါ်လာ သန်း ၈၂၀ ကျော်ဖြင့် အများဆုံးရရှိထားပြီး၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှ ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိထားခြင်းဖြစ်သည်။

ထို့ပြင်၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်း ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော် ဖြင့် တတိယအများဆုံးဖြစ်သည်။

“ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွေမှာ ဘဏ္ဍာနှစ်တိုင်း လျှပ်စစ်စွမ်းအင်ကဏ္ဍက နိုင်ငံခြားငွေအများဆုံးရ တယ်။ ပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်ပြည့်ပြည့်ဝဝ လုံလောက်အောင်မပေးစွမ်းနိုင်တာဟာ ပြည်ပကို ဦးစားပေးအနေနဲ့သတ်မှတ်ထားပြီး နိုင်ငံခြားငွေအများဆုံးရဖို့ ကြိုးပမ်းနေတာကြောင့်ပဲ” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း လျှပ်စစ်ယာဉ်များ ထုတ်လုပ် သည့်လုပ်ငန်း၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဟုဆိုကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားရှစ်မျိုးမှာ ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ကြောင်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required