တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ကလေးအကန့်အသတ်မရှိ ယူခွင့်ပေး

By BBC
10 February 2023
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ကလေးအကန့်အသတ်မရှိ ယူခွင့်ပေး

တရုတ်တွင် လူဦးရေကျဆင်းမှုကို ဆက်လက်ထိန်းချုပ်သည့်အနေဖြင့် စီချွမ်ပြည်နယ်တွင် ဇနီးမောင်နှံများအား ကလေးအကန့်အသတ်မရှိ ယူခွင့်ပေးမည်ဖြစ်သည်။ 

တရုတ်လူဦးရေသည် နှစ်ပေါင်း ၆၀ အတွင်း ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျဆင်းခဲ့သည်။
တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့ပြီးနောက် ဇနီးမောင်နှံများအား ၂၀၂၁ ခုနှစ်တွင် ကလေး ၃ ယောက်အထိ ယူခွင့်ပြုခဲ့သည်။

စီချွမ်တွင် မူဝါဒပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုအခါ လက်မထပ်ရသေးသူများမှာလည်း ကလေးမွေးခွင့်ရမည်ဖြစ်သည်။ ယခင်က တစ်ကိုယ်တော်မိခင်များအား ကလေးမွေးဖွားခွင့် မပေးခဲ့ပေ။
တရုတ်နိုင်ငံတွင် ၁၉၇၆ ခုနှစ် စတင်ခဲ့သော အငြင်းပွားဖွယ် တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒကို ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ စည်းကမ်းဖောက်ဖျက်သော မိသားစုများကို ဒဏ်ငွေရိုက်ခဲ့ပြီး အချို့မှာ အလုပ်လက်မဲ့ပင် ဖြစ်ခဲ့ရသည်။

အစဉ်အလာအရ မိန်းကလေးများထက် ယောကျာ်းလေးများကို ဦးစားပေးသည့် ယဉ်ကျေးမှုတွင် ယင်းမူဝါဒသည် အတင်းအဓမ္မကိုယ်ဝန်ဖျက်ချမှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် အပြောင်းအလဲက ကလေးမွေးဖွားနှုန်း ကျဆင်းမှုကို မရပ်တန့်နိုင်ခဲ့ပေ။ တရုတ်တွင် ၂၀၂၂ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် မွေးနှုန်းထက် သေနှုန်းပိုများခဲ့သည်။

ယခုအခါ နိုင်ငံအနောက်တောင်ပိုင်းရှိ လူဦးရေ သန်း ၈၀ ရှိသော စီချွမ်ပြည်နယ်တွင် ကလေးဦးရေ ကန့်သတ် ချက်မရှိတော့ပေ။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကလေးမွေးဖွားနှုန်း မြှင့်တင်ရေးကို ဦးစားပေးလုပ်ဆောင်လာပြီဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly