စစ်ကောင်စီမှကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ နှစ်သိန်းမပြည့်

စစ်ကောင်စီမှကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ နှစ်သိန်းမပြည့်

(မဇ္ဈိမ)။ ။ လာမယ့် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာဆိုရင် မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမှာဖြစ်ပေမယ့် ဖြေဆိုခွင့်လျှောက်ထားတဲ့ဦးရေက နှစ်သိန်းအောက်ပဲ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

ဒီစာရင်းအရသာဆိုရင် အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့စာမေးပွဲထက် ဖြေဆိုခွင့် လျှောက်ထား သူဦးရေ (၇၀၀,၀၀၀) ခုနှစ်သိန်းကျော် လျော့နည်းလို့နေပါတယ်။ ဒါဟာ ၂ နှစ်ပြည့်တဲ့ အချိန်ထိ စစ်အာဏာသိမ်းမှု မအောင်မြင်သေးတာကို ပြသတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ သတင်းအပြည့်အစုံကို သတင်းထောက် ခက်နွေကတင်ပြထားပါတယ်။

စာတည်း ။ ။ Alden
တည်းဖြတ်၊ တင်ဆက် - ခက်နွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly