ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားထားရာ ချင်းရိုင်မြို့က လူမှုကူညီရေးအသင်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားထားရာ ချင်းရိုင်မြို့က လူမှုကူညီရေးအသင်း

စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်နိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းကို မြန်မာနိုင်ငံဘက်ကနေ ရွှေ့ပြောင်းလာသူတွေ သိသိသာသာတိုးလာနေပြီး လက်ရှိအချိန်မှာ လူဦးရေ လေးသောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီရွှေ့ပြောင်းလုပ်သမားတွေရဲ့ လိုအပ်တဲ့ အရေးကိစ္စတွေကိုကူညီပေးဖို့အတွက် ထိုင်းလူမျိုးတက္ကသိုလ်ဆရာတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ချို့ပူးပေါင်းကာ လူမှုကူညီရေးအသင်း ချင်းလိုင်းအဖွဲ့ကို ၂၀၂၀ လလယ်မှစတင်ကာ တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ  ၃နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ချင်းရိုင်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးနေသည့် လူမှုကူညီရေးအသင်း ချင်းလိုင်းအနေနဲ့ မြန်မာနိုင်ငံကနေ ထိုင်းဘက်သို့ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင် အထောက်အစား စာရွက်စာတမ်းတွေ ရရှိဖို့၊ လစာ မရတဲ့ ကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့ ၊ ဆေးရုံဆေးခန်းလိုက်ပို့ပေးခြင်းနဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လည်လွတ်မြောက်အောင် ကူညီပေးတာတွေကို အဓိကထားလုပ်ဆောင်နေတာပါ။

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်နိုင်ငံအတွင်းကို ရေလမ်းနဲ့ကုန်လမ်းတွေမှ နည်းမျိုးစုံနဲ့ ဝင်ရောက်ကြရပြီး ထိုင်းစကားမတက်တာ၊ အလုပ်မရရှိတာနဲ့ ထိုင်းရဲက ဖမ်းဆီးတာတွေအပြင် ဒုက္ခမျိုးစုံ ကြုံတွေ့ကြရပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့နဲ့ တရားဝင်နေထိုင်ခွင့်ရဖို့အတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်သမားကဒ်လုပ်ဖို့လိုအပ်ပြီး ရောက်ရှိချိန်မှစတင်ကာ တရားဝင်နေထိုင်ခွင့်အထောက်အထားရဖို့နဲ့ အလုပ်ရဖို့အတွက် တစ်နှစ်လောက် ကြာမြင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly