အိုလံပစ်ပြိုင်ပွဲမှာ ကြားနေသူတွေအဖြစ် ရုရှားပါဝင်ယှဉ်ပြိုင်ဖို့ အမေရိကန် ထောက်ခံ

အိုလံပစ်ပြိုင်ပွဲမှာ ကြားနေသူတွေအဖြစ် ရုရှားပါဝင်ယှဉ်ပြိုင်ဖို့ အမေရိကန် ထောက်ခံ

ကြားနေအားကစားသမားတွေအနေဖြင့် သူတို့ရဲ့ နိုင်ငံတော်အလံတွေ ဒါမှမဟုတ် သင်္ကေတတွေကို ထုတ်ဖော်ပြသခြင်းမပြုဖို့ တားမြစ်ထားတဲ့အတိုင်း ရုရှားနဲ့ ဘီလာရုစ်နိုင်ငံက အားကစားသမားတွေကို ၂၀၂၄ အိုလံပစ်မှာ ပါဝင်ခွင့်ပြုဖို့ အမေရိကန်က ထောက်ခံကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောပါတယ်။

"နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေကနေ ရုရှားနဲ့ ဘီလာရုစ်ရဲ့ အားကစားဆိုင်ရာ အမျိုးသား အဖွဲ့ချုပ်တွေကို ဆိုင်းငံ့ထားဖို့ အမေရိကန်က ထောက်ခံခဲ့ကြောင်း" သတင်းစာရှင်းလင်းပွဲအတွင်းဝန် ကာရင်းဂျင်း-ပီယားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုလံပစ်လို နိုင်ငံတကာပွဲတွေသို့ အားကစားသမားတွေကို ဖိတ်ကြားပါက "သူတို့ဟာ ရုရှား ဒါမှမဟုတ် ဘီလာရုစီယမ်နိုင်ငံတွေကို ကိုယ်စားပြုနေခြင်းမဟုတ်ကြောင်း လုံး၀ ရှင်းရှင်းလင်းလင်းဖြစ်သင့်တယ်"လို့ သူမက ဆိုပါတယ်။

"ရုရှား၊ ဘီလာရုစီယမ် အလံတွေ၊ သင်္ကေတတွေနဲ့ နိုင်ငံတော်သီချင်းတွေကို တရားဝင် အသုံးပြုခြင်းကိုလည်း တားမြစ်သင့်ပါတယ်။"

အမေရိကန် ရပ်တည်ချက်ဟာ ၂၀၂၄ ပါရီအိုလံပစ်မှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံက အားကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ငြင်းခုံမှုတွေ တိုးလာစေပါတယ်။

ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးဟာ ရုရှားနဲ့ ဘီလာရုစ်အားကစားသမားတွေရဲ့ ပါဝင်မှုမှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ရုရှားကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။

အိုလံပစ်ပွဲတော်ကို နိုင်ငံရေးအရ မလုပ်ဆောင်သင့်ဘူးလို့ ရုရှားက အငြင်းပွားနေပြီး ကန့်သတ်ချက်တွေ အားလုံးကို ဖယ်ရှားဖို့ တွန်းအားပေးနေပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ကြားနေအားကစားသမားတွေအဖြစ် နွေရာသီ အားကစားပြိုင်ပွဲတွေမှာ ရုရှားနိုင်ငံသားတွေ ပါဝင်နိုင်ဖို့ "လမ်းကြောင်းတစ်ခု"ကို ဆန်းစစ်နေတယ်လို့ ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required