အရာတော်တွင် စစ်ကောင်စီစခန်း တိုက်ခိုက်ခံရသဖြင့် နှစ်ဦးသေ နှစ်ဦးအပြင်းအထန်ဒဏ်ရာရ

အရာတော်တွင် စစ်ကောင်စီစခန်း တိုက်ခိုက်ခံရသဖြင့် နှစ်ဦးသေ နှစ်ဦးအပြင်းအထန်ဒဏ်ရာရ

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ် စခန်းတစ်ခုကို ပြောက်ကျားတပ်ဖွဲ့များပူးပေါင်းပြီး ဒရုန်းဗုံးနှင့် ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရသွားကြောင်း သိရသည်။

အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာ အမှတ်(၃၆၉) အမြောက်တပ်အနီးတပ်စွဲထားသော အင်အား ၂၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငါးခုပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Danger Force LPDF ပြန်ကြားရေး တာဝန်ခံက မဇ္စျိမသို့ပြောသည်။

“ဒရုန်းနဲ့လေးကြိမ်၊ ရှော့ဒုံံးနဲ့သုံးကြိမ်တိုက်ခိုက်ခဲ့တယ်။ စကစနှစ်ယောက်သေတယ်၊ နှစ်ယောက်က အပြင်း အထန်ဒဏ်ရာရတယ်။ စောင့်ကြည့်ကင်းထောက်တွေ သတင်းပို့ချက်အရပြန်သိရတာပါ” ဟု ၎င်းကဆိုသည်။

Danger Force LPDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း တပ် စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား အလျဉ်းသင့်သလို တိုက်ခိုက်မှုများပြုလုပ်လျက်ရှိ သည်။ ပြီးခဲ့သည့် ဇန်နဝါရီတစ်လအတွင်း လေးကြိမ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ငါး ယောက်ထက် မနည်းသေဆုံးပြီး တစ်ဒါဇင်ခန့် အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required