ဘာစီလိုနာ၊ ဘိုင်ယန်တို့နှင့်ဆုံရမည်ကို ရီးယဲလ်မကြောက်ဟု အာဘီလိုအာပြော

ဘာစီလိုနာ၊ ဘိုင်ယန်တို့နှင့်ဆုံရမည်ကို ရီးယဲလ်မကြောက်ဟု အာဘီလိုအာပြော

မတ် ၁၄၊ မက်ဒရစ်။           ။ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေခြင်းမရှိဟု နီယွန်တွင်သောကြာ နေ့၌ပြုလုပ်မည့် ချန်ပီယံလိဂ်မဲခွဲပွဲမတိုင်မီ အာဘီလိုအာက ပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အုပ်စုထိပ်ဆုံးနေရာရခဲ့ပြီးနောက် ရိုးမားကို နှစ်ကျော့ပေါင်း ၄-၀ ဖြင့်အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

၂၀၁၄ ချန်ပီယံရီးယဲလ်အသင်းအနေဖြင့် မည်သည့်အသင်းကိုမှကြောက်ရွံ့နေမည်မဟုတ်သော်လည်း မြို့ခံပြိုင်ဘက် အက်သလက်တီကို အသင်းမှာ ဥရောပထိပ်သီးပြိုင်ဘက်များထက် ခြိမ်းခြောက်နိုင်စွမ်းရှိနေခြင်းကိုမူ အာဘီလိုအာက ဝန်ခံခဲ့သည်။

"ချန်ပီယံလိဂ်မှာ ဘယ်သူ့ကိုမှမကြောက်ပါဘူး။ ဘယ်ပြိုင်ဘက်နဲ့မဆိုရင်ဆိုင်ဖို့အသင့်ပါပဲ။ ဘာစီလိုနာဖြစ်ဖြစ်၊ ဘိုင်ယန်ဖြစ်ဖြစ်ရင်ဆိုင်ဖို့ အသင့်ပါပဲ။

ချန်ပီယံလိဂ်မှာတစ်ဆင့်ပြီးတစ်ဆင့်တက်သွားချင်တယ်ဆိုရင် ကျွန်တော်တို့တိုးတက်ဖို့လိုပါတယ်"ဟု နောက်ခံလူ အာဘီလိုအာက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly