ရုရှားအားကစားသမားတွေ ပါဝင်ပါက ပါရီအိုလံပစ်ပြိုင်ပွဲကို ယူကရိန်း သပိတ်မှောက်နိုင်

ရုရှားအားကစားသမားတွေ ပါဝင်ပါက ပါရီအိုလံပစ်ပြိုင်ပွဲကို ယူကရိန်း သပိတ်မှောက်နိုင်

ယူကရိန်းအားကစားဝန်ကြီးက ရုရှားနဲ့ ဘီလာရုစ်အားကစားသမားတွေ ပါဝင်ခွင့်ပြုပါက သူ့ရဲ့နိုင်ငံဟာ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်နိုင်တယ်လို့ ကြာသပတေးနေ့က သတိပေးခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေပေမယ့် ရုရှားနိုင်ငံသားတွေ ပါဝင်ဆင်နွှဲနိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာနေခဲ့တယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းအားကစားဝန်ကြီး Vadym Goutzeit က ဒီလိုမျိုးလုပ်ရပ်ဟာ "လက်ခံနိုင်စရာမရှိဘူးဂလို့ ပြောပါတယ်။

"ယူကရိန်းမှာ စစ်ပွဲတွေ ဆက်ဖြစ်နေသရွေ့ ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲဘဲ ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ မပါဝင်သင့်ပါဘူး"လို့ Goutzeit က Facebook မှာ ရေးသားခဲ့ပါတယ်။

"ကျနော်တို့ ထုတ်ပယ်ဖို့ ပြန်မကြားရဘူးဆိုရင်တော့ အိုလံပစ်မှာ သပိတ်မှောက်ပြီး ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းဆိုမယ့် ဖြစ်နိုင်ခြေကို ကျနော် မဖယ်ထားပါဘူး။"

ရုရှားနဲ့ သူရဲ့ မဟာမိတ် ဘီလာရုစ်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်ချိန်ကစလို့ အိုလံပစ်အားကစားပြိုင်ပွဲအများစုကနေ ဖယ်ထားခံခဲ့ရပါတယ်။

လာမယ့်နှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ ရုရှားနှင့် ဘီလာရုအားကစားသမားတွေကို တားမြစ်ပိတ်ပင်ဖို့ ယူကရိန်းကနေ တောင်းဆိုမှုတွေကို လျစ်လျူရှုကာ ပြိုင်ပွဲဝင်တွေဟာ  ဒီနိုင်ငံတွေကနေ ပါဝင်ခွင့်ပြုမယ့် နည်းလမ်းကို ကြားနေတွေအဖြစ် "ထပ်မံ စူးစမ်းလေ့လာသင့်တယ်"လို့ IOC မှ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။

IOC က "သူတို့ရဲ့ နိုင်ငံကူးလက်မှတ်ကြောင့် ဘယ်အားကစားသမားကိုမှ ယှဉ်ပြိုင်ခြင်းကနေ မတားမြစ်သင့်ဘူး" လို့ ပြောပါတယ်။

အဲဒီကြေညာချက်အပြီးမှာ အာရှအိုလံပစ်ကောင်စီက နှစ်နိုင်ငံစလုံးက အားကစားသမားတွေကို ဒီနှစ် အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြာသပတေးနေ့က ကမ်းလှမ်းခဲ့ပါတယ်။

သူတို့ဟာ ပါရီမှာ ယှဉ်ပြိုင်ခွင့်ရဖို့ အာရှမှာ ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်နိုင်ဖွယ်ရှိတာကြောင့် ဒါဟာ ထင်ရှားတဲ့ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required