တရုတ်အစိုးရက ဒစ်ဂျစ်တယ်နှင့် လုံခြုံရေးကုမ္ပဏီများ ဆော်ဒီအာရေဗျ၊ ကာတာနှင့် အခြားနိုင်ငံများတွင် လုပ်ငန်းပိုမို ဆောင်ရွက်ရန် ကြိုးပမ်းနေ

By ANI
27 January 2023
တရုတ်အစိုးရက ဒစ်ဂျစ်တယ်နှင့် လုံခြုံရေးကုမ္ပဏီများ ဆော်ဒီအာရေဗျ၊ ကာတာနှင့် အခြားနိုင်ငံများတွင် လုပ်ငန်းပိုမို ဆောင်ရွက်ရန် ကြိုးပမ်းနေ

တရုတ်၏ နည်းပညာက ထောက်လှမ်းရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ အနှောက်အယှက်များ ဖြစ်စေနိုင်ခြင်းကြောင့် အနောက်နိုင်ငံများက တားမြစ်ကန့်သတ်ချက်များကို လုပ်ဆောင်လျက်ရှိနေချိန်တွင် တရုတ်အစိုးရက ၎င်း၏ ဒီဂျစ်တယ်နှင့် လုံခြုံရေးကုမ္ပဏီများ ဆော်ဒီအာရေဗျ၊ ကာတာနှင့် အခြားနိုင်ငံများတွင် လုပ်ငန်းတိုးချဲ့ရန် အရှိန်မြှင့် လုပ်ဆောင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ 

ကာတာပြည်ထဲရေးဝန်ကြီးဌာနက CCTV စောင့်ကြည့်ရေးဈေးကွက်အတွက် တရုတ်နှင့် ညှိနှိုင်းနေကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။
Hikvision နှင့် Dahua တို့သည် ၂၀၁၆ ခုနှစ်ကတည်းက ကာတာတွင် CCTV စောင့်ကြည့်ရေးစနစ်ကို လုပ်ကိုင် နေသည့် ထင်ရှားသော တရုတ် CCTV/ ဗီဒီယို စောင့်ကြည့်ရေး ကုမ္ပဏီ ၂ ခုဖြစ်သည်။

မကြာသေးမီက ကာတာပြည်ထဲရေးဝန်ကြီးဌာနက မျက်နှာမှတ်သားသည့်နည်းပညာသုံး CCTV စနစ်များကို လေလံခေါ်ဆိုခဲ့သော်လည်း တရုတ်၏ Hikvision မှာ ကာတာ၌ ယင်းနည်းပညာကို မိတ်ဆက်ထားပြီး ဖြစ်ခြင်းကြောင့် ယင်းလုပ်ငန်းစဉ်သည် ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ကြောင်း The Singapore Post က ဖော်ပြခဲ့သည်။
တရုတ်အီလက်ထရွန်းနစ်နည်းပညာကော်ပိုရေးရှင်း (CETC) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်  ဟန်ကျိုး Hikvision ဒစ်ဂျစ်တယ်နည်းပညာကုမ္ပဏီ (HIKVISION) သည် ဆောဒီရီယယ် ၁၈ သန်း ကုန်ကျမည့် ဉာဏ်ရည်တုနည်းပညာသုံး မီးပွိုင့်စနစ်ကို အဆင့်မြှင့်တင်ရေးအတွက် လေလံဝင်ပြိုင်ခဲ့သည်။

တရုတ်ကုမ္ပဏီသည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များအတွက် ဗီဒီယိုထောက်လှမ်းရေး ကိရိယာများကိုလည်း ထောက်ပံ့ပေးသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က မကြာသေးမီက ဆော်ဒီသို့ လာရောက်ပြီး နည်းပညာကုမ္ပဏီကြီး Huawei အပါအဝင် မဟာဗျူဟာမြောက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်းလုံးက အာရုံစိုက်လာကြသည်။

Huawei Technologies သဘောတူညီချက်သည် ဆော်ဒီမြို့များတွင် cloud computing၊ အချက်အလက် စင်တာများနှင့် အဆင့်မြင့်နည်းပညာဆိုင်ရာ အဆောက်အအုံများ တည်ဆောက်မှုနှင့် သက်ဆိုင်သည်။
သဘောတူညီချက်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့်ရှိကြောင်း ဆော်ဒီမီဒီယာများက ခန့်မှန်းကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly